ဂရီးဇ်မန်းအား အင်တာမိုင်ယာမီသို့ လာရောက်ကစားရန် မာတွီဒီ တိုက်တွန်း

ဂရီးဇ်မန်းအား အင်တာမိုင်ယာမီသို့ လာရောက်ကစားရန် မာတွီဒီ တိုက်တွန်း
Photos : Getty Images
Photos : Getty Images
Published 13 October 2020

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကွင်းလယ်လူ မာတွီဒီက ပြင်သစ်အသင်းဖော် ဂရီးဇ်မန်းအား အင်တာမိုင်ယာမီအသင်းတွင် မိမိနှင့်အတူ လာရောက်ကစားရန် တိုက်တွန်းခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပြိုင်ပွဲစုံ (၁၅)ဂိုးသာ သွင်းယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။ 

ဂရီးဇ်မန်းသည် အင်တာမိုင်ယာမီအသင်းကို ပူးတွဲပိုင်ဆိုင်သည့် နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်၏ ပရိသတ်တစ်ဦးဖြစ်ပြီး အနာဂတ်တွင် မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု ပြောကြားခဲ့သူလည်း ဖြစ်သည်။ 

မာတွီဒီက "ဂရီးဇ်မန်းအနေနဲ့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ အင်တာမိုင်ယာမီအသင်းကို လာမယ်ဆိုရင်တော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဂရီးဇ်မန်းက အသက်ငယ်ပါသေးတယ်။ သူ့အနေနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲက တစ်သင်းမှာ ကစားနေတာပါ။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent