ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဇန်နဝါရီတွင် ဒီပိုင်း ကြိုးစားဦးမည်ဟု လိုင်ယွန်ဥက္ကဋ္ဌ အတည်ပြု

ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဇန်နဝါရီတွင် ဒီပိုင်း ကြိုးစားဦးမည်ဟု လိုင်ယွန်ဥက္ကဋ္ဌ အတည်ပြု
Published 8 October 2020

လိုင်ယွန်အသင်းသည် ဒီပိုင်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၂၅) သန်းအထိ လျှော့ချပေးခဲ့သော်လည်း ဘာစီလိုနာအသင်းအနေဖြင့် အဆိုပါ ပမာဏကို ပေးချေနိုင်ခြင်းမရှိသည့်အတွက် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ 

လိုင်ယွန်ဥက္ကဋ္ဌ အူလက်စ်က အသင်းတိုက်စစ်မှူး ဒီပိုင်းအနေဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် ကြိုးစားဦးမည်ဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့သည်။

ဒီပိုင်းသည် အလုံးစုံသဘောတူညီမှုရရှိပြီးမှ ဘာစီလိုနာ၏ ငွေကြေးပြဿနာကြောင့် အသင်းမပြောင်းနိုင်ခဲ့ခြင်းအား စိတ်ပျက်နေသည်။ 

လိုင်ယွန်အသင်းသည် ဒီပိုင်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၂၅) သန်းအထိ လျှော့ချပေးခဲ့သော်လည်း ဘာစီလိုနာအသင်းအနေဖြင့် အဆိုပါ ပမာဏကို ပေးချေနိုင်ခြင်းမရှိသည့်အတွက် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ 

အူလက်စ်က "သူ စိတ်ပျက်နေ ပါတယ်။ လိုင်ယွန်ကို မဟုတ်ပါဘူး။ ဘာစီလိုနာကိုပါ။ ဒါပေမဲ့ ဇန်နဝါရီမှာ သူ လုပ်နိုင်တဲ့အရာမှန်သမျှ လုပ်ပြီး ဘာစီလိုနာ ပြောင်းဖို့ ကြိုးစားဦးမှာပါ။ သူ့ကို ဆက်ရှိစေချင်ပေမယ့် သူက သွားချင်နေတော့ မတားပါဘူး"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent