စပါးအသင်းနည်းပြ မော်ရင်ဟို၏အမည်နှင့်ပုံရိပ်အသုံးပြုခွင့်ကို လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်းက ပိုင်ဆိုင်ထားပြီး စပါးအသင်းအနေဖြင့် ၎င်းင်း၏အမည်/ပုံရိပ်များဖြင့် အမှတ်တရပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မော်ရင်ဟိုသည် စပါးအသင်း နည်းပြအဖြစ် ၂၀၁၉ နိုဝင်ဘာ(၂၀) ရက်နေ့ကတည်းက တာဝန်ယူခဲ့သော်လည်း ယနေ့အချိန်အထိ စပါးအသင်းအနေဖြင့် ၎င်းင်းနှင့်ပတ်သက်သည့် ပစ္စည်းများ မထုတ်လုပ်နိုင်သေးခြင်းဖြစ်သည်။
မော်ရင်ဟို၏ အမည်နှင့်ပုံရိပ် အသုံးပြုခွင့်ကို သူ၏အသင်းဟောင်း တစ်သင်းဖြစ်သည့် ချယ်လ်ဆီးအသင်းက ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထား၍ စပါးအသင်းအနေဖြင့် အသင်းတွင် နည်းပြသက်တမ်း(၁၀)လကြာပြီဖြစ်သည့် သူ၏အမည်/ပုံရိပ်များကို အသုံးပြုခွင့်မရှိသေးခြင်းဖြစ်သည်။
သို့သော် စပါးအသင်းတာဝန်ရှိ သူတစ်ဦးက လာမည့်ရက်သတ္တပတ်အတွင်း မော်ရင်ဟို၏အမည်နှင့်ပုံရိပ်ပါ အမှတ်တရပစ္စည်းများ စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။
စပါးအသင်းသည် ဟာရီကိန်း၊ ဒယ်လီအယ်လီ၊ ဆွန်ဟောင်မင်အစရှိသော စပါးကစားသမားများ၏ ပုံတူအရုပ်ငယ်များကို ရောင်းချလျက်ရှိပြီး ယင်းထဲတွင် ပြီးခဲ့သည့်ရာသီကုန်က အင်တာမီလန်သို့ပြောင်းသွားသော ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ပင် ပါဝင်လျက်ရှိသည်။