၄၇ လအတွင်း မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်ရှိ

၄၇ လအတွင်း မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်ရှိ
Published 19 September 2020

လက်ရှိအစိုးရသစ်လက်ထက် ၄၇ လအတွင်း မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နှစ်အလိုက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၆၇၉ ဒသမ ၃၀ သန်း၊၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၉၃၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၀၈၁ ဒသမ ၁၅ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၉၀၁ ဒသမ ၆၄ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဒေါ်လာ ၃၁၄ ဒသမ ၁၆ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ဒေါ်လာ ၁၅၃၈ ဒသမ ၄၀ သန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်အထိ  ဒေါ်လာ ၁၄၅ ဒသမ ၄၀ သန်း မြှုပ်နှံထားသည်။

ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်း ကဏ္ဍတွင် ငါးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၀၀၀ နီးပါးရှိပြီး လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း ဒေါ်လာ ၃၉ ဒသမ ၅၀၁ သန်းအထိ မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၌ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၈၈ ဒသမ ၄၀ သန်း၊ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၀၃ ဒသမ ၆၅သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇၆ ဒသမ ၇၇ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ဒေါ်လာ ၉ ဒသမ ၅၄ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၂ ဒသမ ၆၂ သန်း ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် နှစ်အလိုက် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၀၂၃၇၅ ဒသမ ၆၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၄၃၄၆၇၀ ဒသမ ၈၁ သန်း၊ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်တွင် ကျပ် ၁၃၂၉၁၆ ဒသမ ၀၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၄၁၆၀၉ ဒသမ ၆၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ကျပ် ၁၂၉၅၀၈ ဒသမ ၃၀ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၃၂၃၁ ဒသမ ၄၀ သန်း ရင်းနှီးမြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ဟိုတယ်နှင့် ခရီးသွားရေး လုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှု ကျပ် ၁၈၁၂၈၃ ဒသမ ၄၁ သန်း ရှိနေသည်။

COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများ တုံ့ပြန်ရန်၊ COVID အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း (MIPP) ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုတွေကို တုံ့ပြန်ဖို့နဲ့ COVID အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ခြင်းအနေနဲ့ စက်မှုဇုန်တည်ထောင်ခြင်းလုပ်ငန်းတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်လုပ်မှု ကွင်းဆက် (Supply Chain) ၊ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေ၊ Digitization လုပ်ငန်းတွေ အဓိကတိုးတက်စေဖို့ အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan- MIPP) ကို ပြန်လည်သုံးသပ်ဖို့ ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိသည်။

ထို့ပြင် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော် ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ- ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆- ၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent