ရီးယဲလ်မက်ဒရစ်ကို ကိုင်တွယ်နည်းပြရန်မှာ မိမိ၏အိပ်မက်ဖြစ်သည်ဟု ပိုချက်တီနို ဆို

ရီးယဲလ်မက်ဒရစ်ကို ကိုင်တွယ်နည်းပြရန်မှာ မိမိ၏အိပ်မက်ဖြစ်သည်ဟု ပိုချက်တီနို ဆို
Photos: Getty Images
Photos: Getty Images
Published 18 September 2020

စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုက ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်နည်းပြရန်မှာ မိမိ၏အိပ်မက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အသက် (၄၈)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၉)ရက်တွင် စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၁၈ ခုနှစ်တွင် ပိုချက်တီနိုအား နည်းပြ ဇီဒန်း၏နေရာတွင် အစားထိုးရန် ကြိုးပမ်းခဲ့သော်လည်း ပိုချက်တီနိုသည် စပါးအသင်းနှင့်စာချုပ်သက်တမ်းရှိနေသဖြင့် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ 

သို့သော် ပိုချက်တီနိုက ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြတိုင်း ကိုင်တွယ်လိုပြီး ယင်းထဲတွင် မိမိလည်း ပါဝင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပိုချက်တီနိုက "ရီးယဲလ်မက်ဒရစ်အသင်းကို ကျွန်တော် နည်းပြခွင့်ရမလား၊ မရဘူးလားဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်နည်းပြဖို့က ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်တောင် ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။ ရီးယဲလ်အသင်းကို နည်းပြတိုင်း ကိုင်တွယ်ချင်ကြပြီး ကျွန်တော်လည်း အဲဒီလူတွေထဲက တစ်ယောက်ပါပဲ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ပိုချက်တီနိုက ယခုနွေရာသီတွင် ဘာစီလိုနာအသင်းကို ကိုင်တွယ်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent