မြန်မာနိုင်ငံ၏ လက်ရှိ COVID-19 အနေအထားက ထိုင်းစတော့စျေးကွက်ကို ထိခိုက်နိုင်သည်ဟု ပညာရှင်တစ်ဦး ပြောကြား

မြန်မာနိုင်ငံ၏ လက်ရှိ COVID-19 အနေအထားက ထိုင်းစတော့စျေးကွက်ကို ထိခိုက်နိုင်သည်ဟု ပညာရှင်တစ်ဦး ပြောကြား
Published 15 September 2020
Ref: The Nation

ထိုင်းပညာရှင်တစ်ဦးက မြန်မာနိုင်ငံ၏ လက်ရှိ COVID-19 အနေအထားသည် ထိုင်းစတော့စျေးကွက်ကို ထိခိုက်စေနိုင်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းမြန်မာနိုင်ငံ၌ ဝင်ငွေအခြေခံများရှိနေသော ကုမ္ပဏီများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ COVID-19 လူနာအရေအတွက်သည် ၆၇၅ ဦးသို့ မြင့်တက်လာချိန်၌ မြန်မာအစိုးရသည် ရန်ကုန်မြို့ကို အနည်းဆုံး အောက်တိုဘာ ၁ ရက်အထိ Lockdown ချထားလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းအထိ COVID-19 လူနာအရေအတွက်သည် ၃၂၉၉ ဦး ရှိလာပြီဖြစ်သည်။ 

မြန်မာနိုင်ငံ၌ COVID-19 အနေအထားသည် (အထူးသဖြင့် ထိုင်းနိုင်ငံ၌ ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားရခြင်းအတွက် အကြောင်းတရားတစ်ရပ်ဖြစ်ခဲ့ပါက)  ထိုင်းစတော့စျေးကွက်အပေါ် ဖိအားများ ဖြစ်စေလိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြောင်း Asia Plus Securities အဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ တာဆတ်တာဝီသီရသမ်က ထိုင်းစီးပွားရေးသည် လက်ရှိ၌ ကျဆင်းလျက်ရှိကြောင်းနှင့် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့ပါက ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့၏အမြတ်ငွေများသည် မြန်မာနိုင်ငံ၌ အခြေစိုက်သည့် စာရင်းသွင်းထားသော ကုမ္ပဏီများအပေါ် မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့်ရောဂါကူးစက်မှုက ထိခိုက်စေလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် အဆိုပါဗိုင်းရပ်စ်ပိုးသည် ထိုင်းနိုင်ငံသို့ ပျံ့နှံ့လာခြင်းမရှိပါက စာရင်းသွင်းထားသည့် ကုမ္ပဏီများအနေဖြင့် များစွာထိခိုက်မှုမရှိနိုင်ကြောင်းနှင့် ယင်းမှာ ၎င်းတို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှုသည် လွန်စွာသေးငယ်ပြီး မြန်မာနိုင်ငံသည်လည်း ဒေသအချို့ကိုသာ Lockdown ချထားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကျိုးအမြတ်အတွက် မြန်မာနိုင်ငံအပေါ် မှီခိုနေရသည့် ကုမ္ပဏီများမှာ Carabao Group (CBG) ၊ Osotspa (OSP) နှင့် Siam Global House (GLOBAL) တို့ ဖြစ်ကြသည်။

၎င်းတို့၏ ရှယ်ယာများမှာ ဘတ် ၁၁၀ ဒသမ ၀၅ ၊ ၃၇ ဒသမ ၂၅၂ နှင့် ၁၈ ဒသမ ၅၀ အသီးသီးရှိကြပြီး ၂ ဒသမ ၆၄ ရာခိုင် နှုန်း၊ ၂ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၆၅ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့ကြောင်း သိရသည်။

တာဆတ်က ၎င်းတို့၏ကုမ္ပဏီသည် ထိုင်းစတော့အိတ်ချိန်း (SET) အညွှန်းကိန်း ၁၂၇၀ မှ ၁၂၈၀ အထိခန့်ကို ခံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းခန့်မှန်းချက်နှစ်ရပ်အပေါ် မှီခိုမနေသင့်ကြောင်း၊ ယင်းမှာစျေးကွက်ကို ဖိအားပေးနေသည့် အကြောင်းခြင်းရာနှစ်ရပ်ကြောင့်ဖြစ်ကြောင်းနှင့် ယင်းနှစ်ရပ်မှာ COVID-19 နှင့် ထိုင်းနိုင်ငံရေးအခြေအနေတို့ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent