မစ်ခီတာရီယန်ကို အာဆင်နယ်အသင်း စာချုပ်ဖျက်သိမ်းပြီး ရိုးမားအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခွင့်ပြု

မစ်ခီတာရီယန်ကို အာဆင်နယ်အသင်း စာချုပ်ဖျက်သိမ်းပြီး ရိုးမားအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခွင့်ပြု
Photo: Getty Images
Photo: Getty Images
Published 1 September 2020

အာဆင်နယ်အသင်းသည် အာမေးနီးယားကွင်းလယ်ကစားသမား မစ်ခီတာရီယန်ကို စာချုပ်ဖျက်သိမ်းပြီး ရိုးမားအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

မစ်ခီတာရီယန်(၃၁ နှစ်)သည် အာဆင်နယ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်ပြီး လက်ကျန်စာချုပ်ကို အာဆင်နယ်အသင်းက ဖျက်သိမ်းပေးလိုက်ခြင်းဖြစ်သည်။

မစ်ခီတာရီယန်သည် ၂၀၁၈ ခုနှစ်က အလက်ဆစ်ဆန်းချက်ဇ်နှင့် အလဲအထပ်အဖြစ် မန်ယူအသင်းမှ အာဆင်နယ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ရိုးမားအသင်းထံ အငှားချခံခဲ့ရသည်။

ရိုးမားအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အပြီးသတ်ပြောင်းရွှေ့ရန် ဆန္ဒရှိနေသော မစ်ခီတာရီယန်ကို အာဆင်နယ်အသင်းက စာချုပ်ဖျက်သိမ်းကာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မစ်ခီတာရီယန်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဆိုခဲ့သည်။

မစ်ခီတာရီယန်က အာဆင်နယ်အသင်းသို့ ယုံကြည်စွာ ခေါ်ယူခဲ့သော နည်းပြဟောင်း အာစင်ဝင်းဂါးကို အထူးကျေးဇူးတင်ကြောင်းလည်း ဆိုခဲ့သည်။

Most Read

Most Recent