ဘာစီလိုနာအသင်းတွင် ပရော်ဖက်ရှင်နယ်အဆင့် (၁၃)ဦးသာရှိ၊ လူငယ်များလွန်းပြီး မက်ဆီကို မှီခိုလွန်းသည်ဟု ဗီဒယ်လ် ဝေဖန်

ဘာစီလိုနာအသင်းတွင် ပရော်ဖက်ရှင်နယ်အဆင့် (၁၃)ဦးသာရှိ၊ လူငယ်များလွန်းပြီး မက်ဆီကို မှီခိုလွန်းသည်ဟု ဗီဒယ်လ် ဝေဖန်
Photo: Reuters
Photo: Reuters
Published 31 August 2020

ရာသီသစ်အတွက် ဘာစီလိုနာအသင်း မလိုချင်တော့သည့် ကစားသမားများထဲမှ တစ်ဦးဖြစ်သူ ကွင်းလယ်လူ ဗီဒယ်လ်က အသင်းဟောင်း ဘာစီလိုနာအသင်းအပေါ် ပြန်လည်ဝေဖန်မှုများပြုလုပ်ခဲ့သည်။

ဗီဒယ်လ်က ''ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ဖို့လိုနေပါပြီ။ ဘောလုံးက ရှေ့ကိုအရမ်းရောက်လာပြီး၊ ကလပ်အသင်းရဲ့ DNA ဆိုတာက ကျန်ခဲ့ပြီ။ လက်ရှိဘောလုံးက ကြံ့ခိုင်မှု ပိုလိုအပ်လာပြီ။ ပိုလွတ်လပ်ပြီး၊ ပါ၀ါနဲ့ အမြန်နှုန်းက နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ ကစားသမားတွေထက် ပိုအရေးပါတဲ့ အခြေအနေဖြစ်လာပြီ။ ဒီအသင်းက မက်ဆီကို မှီခိုလွန်းပေမယ့် မက်ဆီအတွက် ကူညီပေးနိုင်မယ့် ကစားသမား များများစားစားမရှိဘူး။ နောက်ဆုံး (၃)နှစ်အတွင်းမှာ ဘာစီလိုနာ ကြုံတွေ့ခဲ့ရတဲ့ ရလဒ်တွေက ဒီအသင်းနဲ့ ထိုက်တန်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတာ ပရော်ဖက်ရှင်နယ်ကစားသမား (၁၃)ဦးလောက်နဲ့ ဖွဲ့စည်းထားတဲ့အသင်း မဟုတ်ပါဘူး။ ဒီအသင်းမှာလူငယ်တွေများလွန်းပြီး အကယ်ဒမီက လာတဲ့သူတွေပါ။ တကယ်တော့ သူတို့ထက်ပိုအားကောင်းတဲ့ ကစားသမားတွေ အသင်းမှာ လိုအပ်နေပါတယ်။ ကလပ်အသင်းရဲ့ DNA ဆိုတာက အချိန်တို်င်းတော့ အလုပ်မဖြစ်နိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။

သို့ရာတွင် မီဒီယာများကမူ လာမာစီယာထွက်ကစားသမားများကို နေရာမပေးခြင်းအတွက် ဘာစီလိုနာအသင်းကို ဝေဖန်လျက်ရှိသည်။ 

Most Read

Most Recent