ဂွါဒီယိုလာ (၁၄)ရက်ကြာ Quarantine ဝင်ရမည်ဖြစ်သော်လည်း ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်မည်မဟုတ်ဟု မန်စီးတီး ကြေညာ

ဂွါဒီယိုလာ (၁၄)ရက်ကြာ Quarantine ဝင်ရမည်ဖြစ်သော်လည်း ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်မည်မဟုတ်ဟု မန်စီးတီး ကြေညာ
Photo: Getty Images
Photo: Getty Images
Published 31 August 2020

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ဘာစီလိုနာသို့ ပြန်လည်သွားရောက်ခဲ့သည့်အတွက် ဗြိတိန်သို့ ပြန်လာချိန်တွင် (၁၄)ရက်ကြာ Quarantine ဝင်ရမည်ဖြစ်သော်လည်း အသင်း၏ ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်မည်မဟုတ်ကြောင်း မန်စီးတီးအသင်းက ကြေညာခဲ့သည်။

ဗြိတိန်အစိုးရ၏ စည်းမျဉ်းများအရ ဂွါဒီယိုလာသည် စပိန်မှ မန်ချက်စတာသို့ ပြန်ရောက်သည်နှင့် နေအိမ်တွင် တစ်ဦးတည်းသီးခြားနေထိုင်ရမည်ဖြစ်ပြီး မန်စီးတီးအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ဂွါဒီယိုလာ အစောဆုံးပြန်လည် လာရောက်နိုင်မည့်အချိန်မှာ စက်တင်ဘာ (၁၁)ရက်ဖြစ်သည်။ 

လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စက်တင်ဘာ (၁၂)ရက်နေ့တွင် စတင်မည်ဖြစ်သော်လည်း မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့သည့်အတွက် နောက်ကျကစားရမည့် အသင်းများထဲတွင် ပါဝင်နေသည်။

ယင်းအတွက်ကြောင့် ဂွါဒီယိုုလာသည် အသင်းအတွက် ပြင်ဆင်ချိန်အလုံအလောက်ရပြီး ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်လိမ့်မည်မဟုတ်ဟု မန်စီးတီးအသင်းက ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

မန်စီးတီးအသင်း၏ အချို့သော ကစားသမားများပင်လျှင် စက်တင်ဘာ (၇)ရက်နေ့မှ အသင်းနှင့်ပူးပေါင်းမည်ဖြစ်ရာ လူစုံပြီးနောက် လက်ထောက်နည်းပြများက အသင်းကို စတင်လေ့ကျင့်မောင်းနှင်ကာ ရာသီကြိုခြေစမ်းပွဲအချို့ ကစားမည်ဖြစ်သည်။ 

မန်စီးတီးအသင်း၏ ယခုရာသီ ပရီးမီးယားလိဂ်၏ အစောဆုံးပွဲစဉ်မှာ ပွဲစဉ် (၂)ဖြစ်သည့် ဝုလ်ဗ်အသင်းနှင့် ပွဲစဉ်ဖြစ်ပြီး အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent