ဘရာဇီးလ်ကွင်းလယ်လူ အယ်လန် အဲဗာတန်သို့ ပြောင်းရွှေ့တော့မည်ဟု နာပိုလီအသင်းဥက္ကဋ္ဌ အတည်ပြု

ဘရာဇီးလ်ကွင်းလယ်လူ အယ်လန် အဲဗာတန်သို့ ပြောင်းရွှေ့တော့မည်ဟု နာပိုလီအသင်းဥက္ကဋ္ဌ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 31 August 2020

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်က ဘရာဇီးလ်ကွင်းလယ်လူ အယ်လန်သည် အဲဗာတန်အသင်းထံ ပြောင်းရွှေ့ရောက်ရှိတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အယ်လန်(၂၉ နှစ်)သည် နာပိုလီအသင်းတွင် (၅)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ယခုအခါ အဲဗာတန်အသင်းသို့ ပေါင်(၂၅)သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

အဲဗာတန်အသင်း၏နည်းပြ အန်ဆယ်လော့တီသည် နာပိုလီအသင်းကို ကိုင်တွယ်စဉ်က လက်တွဲခဲ့ဖူးသော အယ်လန်ကို အင်္ဂလန်မြေသို့ ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မကြာမီ အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရှိရသည်။

ဒီလော်ရန်တစ်က ''အဲဗာတန်အသင်းကို အယ်လန် ပြောင်းရွှေ့တော့မှာပါ။ ဒီအပြောင်းအရွှေ့ကို မကြာခင် ကြေညာပါလိမ့်မယ်'' ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အဲဗာတန်နည်းပြ အန်ဆယ်လော့တီသည် ၎င်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော ရီးယဲလ်မှ ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုလည်း ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။

Most Read

Most Recent