မိန့်လန်းနိုင်းစ်ကို ရောင်းချမည့်အစီအစဉ်အား အာဆင်နယ်အသင်း ပြန်လည်ပြင်ဆင်ဖွယ်ရှိ

မိန့်လန်းနိုင်းစ်ကို ရောင်းချမည့်အစီအစဉ်အား အာဆင်နယ်အသင်း ပြန်လည်ပြင်ဆင်ဖွယ်ရှိ
Published 31 August 2020

အာဆင်နယ်အသင်းသည် မိန့်လန်းနိုင်းစ်(၂၃ နှစ်)အား ယခုနွေရာသီတွင် ရောင်းချရန် စီစဉ်ထားခဲ့သော်လည်း ယင်းအစီအစဉ်ကို ပြန်လည်ပြင်ဆင်ဖွယ်ရှိနေကြောင်း သိရှိရသည်။

မိန့်လန်းနိုင်းစ်သည် အာဆင်နယ်အသင်း၏ ငယ်မွေးခြံပေါက်ကစားသမားဖြစ်သော်လည်း စုစုပေါင်းပရီးမီးယားလိဂ်ပွဲ(၅၀)ကျော်သာ ကစားခွင့်ရထားပြီး ပုံမှန်နေရာရယူနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် အာဆင်နယ်အသင်းက ရောင်းထုတ်ရန် စီစဉ်ခဲ့သော်လည်း ဝုလ်ဗ်အသင်း၏ ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

မိန့်လန်းနိုင်းစ်သည် ပြီးခဲ့သည့်ကွန်မြူနတီဒိုင်းပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် မိန့်လန်းနိုင်းစ်ကို ရောင်းထုတ်မည့်အစား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် နယူးကာဆယ်အသင်းက မိန့်လန်းနိုင်းစ်ကို ပေါင်(၂၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်းလည်း သတင်းထွက်နေသည်။

 

Most Read

Most Recent