မြန်မာကလပ် VUC အသင်းယှဉ်ပြိုင်မည့် ၂၀၂၀ အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနား စက်တင်ဘာ (၃) ရက် ပြုလုပ်မည်

မြန်မာကလပ် VUC အသင်းယှဉ်ပြိုင်မည့် ၂၀၂၀ အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနား စက်တင်ဘာ (၃) ရက် ပြုလုပ်မည်
Photo:MFF
Photo:MFF
Published 29 August 2020

မြန်မာကလပ် VCU အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ၂၀၂၀ အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနား ကို စက်တင်ဘာ (၃) ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အာရှဒေသတွင်းမှ ကလပ်အသင်း (၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး (၄)သင်း (၄)အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲ ရန် ပြီးခဲ့သည့်ရက်ပိုင်းက Pot များ ခွဲဝေသတ် မှတ်ခဲ့ပြီး မြန်မာကလပ်အသင်းမှာ Pot-3  တွင် ပါဝင်နေသည်။ ယင်းပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် VCU အသင်း ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အာရှဖူဆယ် ကလပ်ပြိုင်ပွဲတွင် နိုင်ငံအလိုက် လိဂ်ချန်ပီယံ အသင်းများကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြု ခြင်းဖြစ်သော်လည်း ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIU အသင်း မယှဉ်ပြိုင်သောကြောင့် ဒုတိယ နေရာရသည့် VCU အသင်းက အစားထိုး ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်ယူအေအီးအပါအဝင် ဂျပန်၊ အီရန်၊ ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်၊ လက်ဘနွန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ အီရတ်၊ ကာ ဂျစ္စတန်၊ မြန်မာ၊ တောင်ကိုရီးယား၊ ကူဝိတ်၊ ကာတာနှင့် သြစတြေးလျကလပ်အသင်း တစ်သင်းစီ ယှဉ်ပြိုင်မည်ဖြစ်သည်။

အုပ်စုမဲခွဲရန် Pot သတ်မှတ်မှုအရ Pot-1 တွင် အိမ်ရှင်ယူအေအီးကလပ်၊ နာဂိုရာ (ဂျပန်)၊ ဗာဇာဂီဟန် (အီရန်)၊ ထိုင်ဆွန်နမ် (ဗီယက်နမ်)၊ Pot-2 တွင် AGMK (ဥဇဘက် ကစ္စတန်)၊ လက်ဘနွန်ကလပ်၊ ASM Port (ထိုင်း)၊ ဗာမို့စ် (အင်ဒိုနီးရှား)၊ Pot-3 တွင် ရှန်ကျန်းနန်လင် (တရုတ်)၊ အီရတ်ကလပ်၊ EREM (ကာဂျစ္စတန်)၊ VUC (မြန်မာ)၊ Pot-4 တွင် ဆိုးလ် (တောင်ကိုရီးယား)၊ ကူ ဝိတ်ကလပ်၊ အယ်လ်ရေယန် (ကာတာ) နှင့် သြစတြေးလျကလပ်အသင်းတို့ ပါဝင်နေ သည်။ ပြိုင်ပွဲဝင်ကလပ်အသင်းများအနက် ယူအေအီး၊ လက်ဘနွန်၊ အီရတ်၊ ကူဝိတ်နှင့် သြစတြေးလျကလပ်အသင်းတို့ ထွက်ပေါ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

AFC သည် အာရှနိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ်ကို အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း နှစ်ကုန်ပိုင်းတွင် ကျင်းပ ရန် စီစဉ်ထားသည့်ပြိုင်ပွဲများအနက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲများကို ပုံမှန်အတိုင်း ကျင်းပရန် စီစဉ်နေပြီး ၂၀၂၀ အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီ ဇင်ဘာ (၂) ရက်မှ (၁၃) ရက်အထိ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ဖူဆယ်ကလပ် VUC အသင်းသည် ယင်း ပြိုင်ပွဲတွင် (၃)ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ယင်းပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ပြီး အီရန်နှင့် ဂျပန်ကလပ်များက (၄)ကြိမ်စီဖြင့် အများဆုံး ဗိုလ်စွဲထားသည်။

Most Read

Most Recent