ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်တောင်းထားသည့် မက်ဆီ ဥရောပထိပ်တန်းလိဂ် (၁၀) ခုအနက် လက်ရှိကစားနေဆဲသစ္စာအရှိဆုံးကစားသမားစာရင်းတွင် ဒုတိယနေရာ ရပ်တည်နေ

ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်တောင်းထားသည့် မက်ဆီ ဥရောပထိပ်တန်းလိဂ် (၁၀) ခုအနက် လက်ရှိကစားနေဆဲသစ္စာအရှိဆုံးကစားသမားစာရင်းတွင် ဒုတိယနေရာ ရပ်တည်နေ
Photo: AFP
Photo: AFP
Published 29 August 2020

ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည့် အသင်း ခေါင်းဆောင် မက်ဆီသည် ဥရောပထိပ်တန်းလိဂ် (၁၀) ခုအနက် လက်ရှိကစားနေဆဲ သစ္စာအရှိဆုံးကစားသမားစာရင်းတွင် ဒုတိယနေရာ ရပ်တည်လျက်ရှိကြောင်း သိရ သည်။

ယင်းစာရင်းကို အပြောင်းအရွှေ့ဆိုင်ရာအချက်အလက်များ အဓိက ဖော်ပြနေသည့် ဂျာမနီအခြေစိုက် Transfermarkt ဝက်ဘ်ဆိုက်က ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး အသင်းတစ်သင်းတည်း၌ သစ္စာရှိရှိဖြင့် အချိန်အကြာဆုံး ကစားနေသူအဖြစ် ရုရှားကလပ် CSKA မော်စကိုအသင်း ဂိုးသမား အကင်ဖိဗ်က ရပ်တည်လျက်ရှိသည်။ အသက် (၃၄) နှစ်ရှိပြီဖြစ်သည့် အကင်ဖိဗ်သည် ကစားသမားဘဝတစ်လျှောက်လုံး CSKA မော်စကိုအသင်း၌ ကစားလာသူ ဖြစ်ပြီး (၁၇) နှစ် (၇)လ (၂၅) ရက်ဖြင့် ယခုစာရင်း၏ ထိပ်ဆုံးနေရာတွင် ရပ် တည်နိုင်ခဲ့သည်။ 

၎င်း၏နောက်တွင် မက်ဆီနှင့် ဝက်စ်ဟမ်းအသင်းခေါင်း ဆောင် မာ့ခ်နိုဘယ်လ်တို့က (၁၆) နှစ် (၇)လ (၂၅) ရက်ဖြင့် ပူးတွဲရပ်တည်လျက်ရှိ ပြီး ဆယ်လ်တာဗီဂိုအသင်း ဂိုးသမား ဆာဂျီယိုအယ်လ်ဗာရက်ဇ်က (၁၆) နှစ် (၁)လ (၂၆) ရက်ဖြင့် စတုတ္ထ၊ အိုဆာဆူနာအသင်း နောက်ခံလူ အိုရီယာက (၁၅) နှစ် (၁)လ (၂၆) ရက်ဖြင့် ပဉ္စမနေရာ ရပ်တည်နေသည်။ 

နာမည်ကြီး ကစားသမားများအနက် ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ချီလီနီက (၁၅) နှစ် (၁)လ (၂၆) ရက်ဖြင့် ပူးတွဲအဆင့် (၅)၊ ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က (၁၄) နှစ် (၁၁) လ (၂၆) ရက်ဖြင့် အဆင့် (၉)၊ ၎င်း၏အသင်းဖော် နောက်ခံ လူ မာဆယ်လိုက (၁၃) နှစ် (၇)လ (၂၅) ရက်ဖြင့် အဆင့် (၁၁)၊ ဘာစီလိုနာ အသင်းကွင်းလယ်လူ ဘူးစကွက်စ်က (၁၃) နှစ် (၁)လ (၂၆) ရက်ဖြင့် အဆင့် (၁၄) နှင့် ဒေါ့မွန်အသင်းနောက်ခံလူ ရှမယ်လ်ဇာက (၁၃) နှစ် (၁)လ (၂၆) ရက် ဖြင့် အဆင့် (၁၅) နေရာ ရပ်တည်နေကြောင်း သိရသည်။

မက်ဆီ၏ အပြောင်းအရွှေ့သတင်းများ သတင်းထွက်ပေါ်နေစဉ် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက အသင်း၌ မက်ဆီဆက်နေရန် သဘော တူပါက ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်ပေးမည်ဟု ကမ်းလှမ်းဖွယ်ရှိ ကြောင်း စပိန်သတင်းဌာနများစွာက ဖော်ပြလျက်ရှိသည်။

Most Read

Most Recent