ရန်ကုန်အသင်းနှင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြိုင်ဘက်အသင်းအား ရည်ရွယ်ပြောဆိုသည့်စကား ပါဝင်ခဲ့သောကြောင့်ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း နောက်ဆုံးအကြိမ်သတိပေးခံရ

ရန်ကုန်အသင်းနှင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြိုင်ဘက်အသင်းအား ရည်ရွယ်ပြောဆိုသည့်စကား ပါဝင်ခဲ့သောကြောင့်ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း နောက်ဆုံးအကြိမ်သတိပေးခံရ
Photo: MNL
Photo: MNL
Published 29 August 2020

ဟံသာဝတီအသင်း နည်းပြချုပ် ဦးမျိုး မင်းထွန်းသည် ရန်ကုန်အသင်းနှင့် ဟံသာ ဝတီအသင်းတို့ပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် ပြိုင်ဘက်အသင်းအား ရည်ရွယ်ပြော ဆိုသည့်စကား ပါဝင်ခဲ့သောကြောင့် နောက် ဆုံးအကြိမ်သတိပေးခံရကြောင်း သိရသည်။

ဦးမျိုးမင်းထွန်းသည် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) အဖြစ် သြဂုတ် (၂၆) ရက်က အသင်းဟောင်း ရန်ကုန် နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ''ကျွန် တော့်ကစားသမားတွေက မြက်ခင်းစိမ်းပေါ် က ကစားသမားတွေဖြစ်ပါတယ်။ စာရွက် ပေါ်က ကစားသမားတွေမဟုတ်ပါဘူး'' ဟု ထည့်သွင်းပြောကြားပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပြောကြားမှုအပေါ် တင်ပြလာသော ကြောင့် မြန်မာနေရှင်နယ်လိဂ်က ဦးမျိုးမင်း ထွန်းအား နောက်ဆုံးအကြိမ် သတိပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်၏ ထုတ်ပြန် မှုတွင် ဟံသာဝတီအသင်း၏ နည်းပြချုပ်သည် ကလပ်အသင်း တာဝန်ရှိသူတစ်ဦးအနေဖြင့် တစ်ဖက်အသင်းအပေါ် ပုတ်ခတ်ပြောကြားခဲ့ သည့်အတွက် MNL ပြိုင်ပွဲစည်းမျဉ်း အပိုဒ် (၇) အပိုဒ်ခွဲ (ဂ) အရ နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်းနှင့် နောက်နောင် အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပေါ်ပါက ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ဟံသာဝတီအသင်းနည်းပြ ချုပ် ဦးမျိုးမင်းထွန်းသည် ရန်ကုန်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရပြီးနောက် ယင်းပွဲမတိုင် ခင်ကတည်းက အနိုင်ရမည်ဟု ကြိုသိထား ကြောင်းနှင့် မိမိကစားသမားများမှာ မြက်ခင်း စိမ်းပေါ်မှ ကစားသမားများဖြစ်ပြီး စာရွက် ပေါ်မှ ကစားသမားများမဟုတ်ကြောင်း ပွဲ အပြီးသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent