မက်ဆီကို မန်ယူအသင်းတွင် ကစားသည်ကို မြင်တွေ့လိုသည်ဟု ဝိန်းရွန်နီ ပြောကြားခဲ့ပြီး စီရော်နယ်လ်ဒိုထက် ပိုကောင်းသူဟု သုံးသပ်

မက်ဆီကို မန်ယူအသင်းတွင် ကစားသည်ကို မြင်တွေ့လိုသည်ဟု ဝိန်းရွန်နီ ပြောကြားခဲ့ပြီး စီရော်နယ်လ်ဒိုထက် ပိုကောင်းသူဟု သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 28 August 2020

မန်ယူအသင်း၏ ဂန္ထဝင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဝိန်းရွန်နီက ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည့် မက်ဆီအား မန်ယူအသင်းတွင် မြင်တွေ့လိုသည်ဟု ပြောကြားခဲ့ပြီး မက်ဆီသည် စီရော်နယ်လ်ဒိုထက် ပိုကောင်းသည့် ကစားသမားတစ်ဦးဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။

ရွန်နီက "မက်ဆီက ထာဝရအကောင်းဆုံးဘောလုံးသမားဖြစ်ပြီး၊ သူနဲ့ စီရော်နယ်လ်ဒိုတို့ဟာ နောက်တစ်ကြိမ်မြင်ရဖု့ိ မလွယ်ကူတဲ့ ကစားသမားတွေပါ။ ဒါပေမဲ့ မက်ဆီက စီရော်နယ်လ်ဒိုအပါအဝင် တခြားကစားသမားအားလုံးထက် ပိုမြင့်တဲ့ အဆင့်အတန်းမျိုးမှာ ရှိနေပါတယ်။ မန်စီးတီးနဲ့ မန်ယူက သူ့ကို ခေါ်ယူချင်နေပြီး၊ ကျွန်တော်ဆိုရင်တော့  မန်ယူအသင်းအတွက် မရရအောင် ခေါ်ယူမှာပါ။ မန်ယူကို လာရင် သူ ပရီးမီးယားလိဂ် ဖလားကိုရမယ်။ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုရမယ်။ ပြီးတော့ Ballon d'Or ဆုကို (၇) ကြိမ်မြောက် ရရှိပါလိမ့်မယ်။ မန်စီးတီးကို သွားရင်လည်း သူ ဒီလိုအောင်မြင်မှုတွေကို ရရှိမှာပါပဲ။ ဘရူနိုဖာနန်ဒက်စ်နဲ့ ဒီဘရိုင်းနားတို့က မက်ဆီကို အများကြီး ကူညီနိုင်တဲ့ကစားသမားတွေပါ။ သူ့ အနေနဲ့ မေဂျာလိဂ်ကိုသွားဖို့တော့ မစဉ်းစားသင့်ပါဘူး။ ဒီအချိန်မှာ ဒီအဆင့်ကိုသွားဖို့ဆိုတာ သူ့အဆင့်နဲ့မတန်ပါဘူး။ သူအသက်ကြီးလာတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ အကောင်းဆုံးဘောလုံးသမားဖြစ်နေဆဲပါပဲ" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent