မက်ဆီ၏ အနာဂတ်သည် ဆွာရက်ဇ်ကို လွှမ်းမိုးမှုရှိသည်ဟု ဆွာရက်ဇ်၏အေးဂျင့်ဖြစ်သူ ပြောကြား

မက်ဆီ၏ အနာဂတ်သည် ဆွာရက်ဇ်ကို လွှမ်းမိုးမှုရှိသည်ဟု ဆွာရက်ဇ်၏အေးဂျင့်ဖြစ်သူ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 28 August 2020

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်၏ အေးဂျင့်ဖြစ်သူ အလက်ဟန်ဒရိုဘယ်လ်ဘီက အသင်းခေါင်းဆောင် မက်ဆီ၏ အနာဂတ်သည် ဆွာရက်ဇ် အပေါ်တွင် သက်ရောက်မှုရှိသည်ဟု  TyC Sports ရုပ်သံသို့ ပြောကြားခဲ့သည်။

ဘာစီလိုနာကြယ်ပွင့် မက်ဆီသည် အသင်းထံ Fax ပို့၍ ထွက်ခွာခွင့်တောင်းခံထားပြီး ယင်းအနေအထားက မက်ဆီ၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်သည့် ဆွာရက်ဇ်၏ အနာဂတ်ကိုပါ ရိုက်ခတ်လိမ့်မည်ဖြစ်ကြောင်း ၎င်းင်း၏အေးဂျင့်ဖြစ်သူက ဝန်ခံခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် မူလကတည်းကမှ ဘာစီလိုနာအသင်း၏ အနာဂတ်အစီအစဉ်များတွင် မပါဝင်ဟု သတင်းကြီးနေသူဖြစ်ပြီး မက်ဆီ၏ သတင်းထွက်ပေါ်လာချိန်၌ ဆွာရက်ဇ်၏ အနာဂတ်မှာ ပိုမိုမှုန်ဝါးလာခဲ့ပြီဖြစ်သည်။

ဘယ်လ်ဘီက "မက်ဆီရဲ့အနာဂတ်က ဆွာရက်ဇ်အပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ သူတို့က အချစ်ခင်ဆုံးမိတ်ဆွေတွေဖြစ်ပြီး ကွင်းတွင်းမှာရော၊ ကွင်းပြင်မှာပါ တတွဲတွဲ ရှိနေကြသူတွေပါ။ ညီအစ်ကိုလို ချစ်ခြင်းမျိုးတွေ သူတို့ကြားမှာ ရှိပါတယ်" ဟု ဆိုခဲ့သည်။

ထို့ပြင် ဆွာရက်ဇ်အတွက် ကမ်းလှမ်းမှုများစွာ ရရှိထားကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။ ဘယ်လ်ဘီက "ကမ်းလှမ်းမှုတွေက မိုးစက်မိုးပေါက်တွေလို နေရာစုံက တဖွဲဖွဲကျလာပါတယ်။ သူ့မိသားစုက ဘာစီလိုနာမှာ အခြေကျနေတာမို့ မိသားစုနဲ့ ဆွေးနွေးပြီးမှသာ သူ ဆုံးဖြတ်မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent