လာကာဇက်ကို အသင်းမှ ကစားသမားတစ်ဦးနှင့် လဲလှယ်ရန် အက်သလက်တီကို ဆန္ဒရှိ

လာကာဇက်ကို အသင်းမှ ကစားသမားတစ်ဦးနှင့် လဲလှယ်ရန် အက်သလက်တီကို ဆန္ဒရှိ
Published 27 August 2020

အက်သလက်တီကိုအသင်းသည် အာဆင်နယ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး လာကာဇက်အား အသင်းမှ ကစားသမားတစ်ဦးဦးဖြင့် တိုက်ရိုက်လဲလှယ်ရန် ဆန္ဒရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသဖြင့် ငွေကြေးသုံးစွဲလိုခြင်းမရှိဘဲ လာကာဇက်အား လူမာ၊ ကော်ရီယာ၊ ဗီတိုလိုတို့ထဲမှ တစ်ဦးဦးကို အာဆင်နယ်အသင်းအားရွေးချယ်ခိုင်းပြီး လဲလှယ်သွားရန်ဆန္ဒရှိနေခြင်းဖြစ်သည်။ 

လာကာဇက်သည် အာဆင်နယ်အသင်းတွင် အူဘာမီယန်းအား ဦးစားပေးခြင်းကြောင့် မပျော်မရွှင်ဖြစ်နေသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။ 

လာကာဇက်အား ခေါ်ယူရန် အက်သလက်တီကိုအသင်းအပြင် ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent