ကွန်တီ ကိုင်တွယ်စဉ်က ဂျူဗင်တပ်စ်ကဲ့သို့ ဖြစ်စေလိုသည်ဟု ပီယာလို ပြောကြား

ကွန်တီ ကိုင်တွယ်စဉ်က ဂျူဗင်တပ်စ်ကဲ့သို့ ဖြစ်စေလိုသည်ဟု ပီယာလို ပြောကြား
Photo: Juventus FC
Photo: Juventus FC
Published 27 August 2020

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက မိမိလက်ထက်တွင် ဂျူဗင်တပ်စ်အသင်းအား ကွန်တီကိုင်တွယ်စဉ်က ဂျူဗင်တပ်စ်ကဲ့သို့ စိတ်ဓာတ်ပြတ်သားမှု၊ ပေါင်းစည်းညီညွတ်မှုတို့နှင့် ပြည့်စုံသည့်အသင်းဖြစ်စေလိုသည်ဟု ပြောကြားခဲ့သည်။ 

ပီယာလိုသည် ဂျူဗင်တပ်စ်အသင်းနှင့် ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ကြီးကြပ်ပြီးနောက် ၎င်း၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပီယာလိုက ''ကျွန်တော်တို့ ကွန်တီ ကိုင်ခဲ့စဉ်ကလို ပြတ်သားမှု၊ ညီညွတ်မှုတို့ကို ပြန်ရောက်နိုင်တာ ဖြစ်နိုင်ပါတယ်။ အဲဒီ အခြေခံသဘောတရားတွေ၊ အလုပ်လုပ်ခြင်းနဲ့ အနစ်နာခံခြင်းတွေက ကျွန်တော် ဂျူဗင်တပ်စ်အသင်းထံ ပြန်ယူလာချင်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီအသင်းရဲ့ နောက်ဆုံးအခိုက်အတန့်မှာ(ဆာရီလက်ထက်ဟု ဆိုလိုခြင်းဖြစ်) ပျောက်ဆုံးခဲ့တဲ့ စိတ်အားထက်သန်မှုတွေကို ကျွန်တော် ပြန်ယူဆောင်ပေးချင်ပါတယ်။ ကျွန်တော်က Proactive ကစားပုံကို နှစ်သက်တဲ့အကြောင်းလည်း ကစားသမားတွေကို ပြောခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent