လက်ရှိစပွန်ဆာ LD Sports ၏ နေရာတွင် လောင်းကစားကုမ္ပဏီတစ်ခုနှင့် ဆောက်သမ်တန်အသင်း အစားထိုးခဲ့

လက်ရှိစပွန်ဆာ LD Sports ၏ နေရာတွင် လောင်းကစားကုမ္ပဏီတစ်ခုနှင့် ဆောက်သမ်တန်အသင်း အစားထိုးခဲ့
Photo: Southampton
Photo: Southampton
Published 27 August 2020

ဆောက်သမ်တန်အသင်းသည် ၎င်းတို့၏ အကျႌရင်ဘတ်စပွန်ဆာကုမ္ပဏီ LD Sports ၏ နေရာတွင် လောင်းကစားကုမ္ပဏီတစ်ခုဖြစ်သော Sportbet နှင့် အစားထိုးခဲ့ကြောင်း သိရှိရသည်။

ဆောက်သမ်တန်အသင်းသည် ပြီးခဲ့သည့်ရာသီကမှ ဖျော်ဖြေရေးကုမ္ပဏီ LD Sports  နှင့် (၃)နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး စာချုပ်တန်ဖိုးမှာ တစ်ရာသီ ပေါင်(၇.၅)သန်းဖြစ်သည်။ 

သို့သော် LD Sports ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ စပွန်ဆာကြေးကို အပြည့်အဝပေးချေနိုင်ရန် စိုးရိမ်စရာ အနေအထားများ ရှိလာခြင်းကြောင့် ဆောက်သမ်တန်အသင်းသည် ယင်းကဲ့သို့ စပွန်ဆာအပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဆောက်သမ်တန်အသင်းသည် တရုတ်ကုမ္ပဏီ LD Sports ထံမှ စပွန်ဆာငွေကြေးနှင့်ပတ်သက်၍ အာမခံချက် တောင်းခံခဲ့သော်လည်း  ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုခံစားနေရသည့် ယင်းကုမ္ပဏီအနေဖြင့် အာမခံချက် မပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ 

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၂၀)အနက် (၁၀)သင်းမှာ လောင်းကစားကုမ္ပဏီများနှင့် စပွန်ဆာစာချုပ်များ ချုပ်ဆိုထားကြသည်။ 

ယင်းကဲ့သို့ ချုပ်ဆိုထားသောအသင်းများထဲမှ ဘုန်းမောက်၊ နောဝစ်ချ်နှင့် ဝက်ဖို့ဒ်အသင်းတို့မှာ ရာသီကုန်တွင် တန်းဆင်းခဲ့ပြီး အဲဗာတန်အသင်းနှင့် ဗီလာအသင်းတို့မှာလည်း လောင်းကစားကုမ္ပဏီ စပွန်ဆာများနေရာတွင် အခြားသောကုမ္ပဏီများနှင့် စပွန်ဆာစာချုပ်ကာ အစားထိုးခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent