ဘာပေအတွက် ရီးယဲလ်အသင်း ကြီးမားသည့်မြှုပ်နှံမှု ပြုလုပ်နိုင်ကြောင်း ရော်နယ်လ်ဒို သုံးသပ်

ဘာပေအတွက် ရီးယဲလ်အသင်း ကြီးမားသည့်မြှုပ်နှံမှု ပြုလုပ်နိုင်ကြောင်း ရော်နယ်လ်ဒို သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 24 August 2020

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းဖြစ်သူ ရော်နယ်လ်ဒိုက ရီးယဲလ်အသင်းအနေဖြင့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်မည်ဆိုပါက PSG အသင်း၏ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအတွက်သာဖြစ်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် အသင်း၏ အနာဂတ်တိုက်စစ်ပိုင်းအတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအား ခေါ်ယူရန်စီစဉ်နေရာ ရော်နယ်လ်ဒိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရော်နယ်လ်ဒိုက '' နေမာက (၂၈) နှစ်ရှိပြီး၊ ဘာပေကတော့ (၂၂)နှစ်ပါ။ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ ယုတ္တိတန်တန်တွေးရင်တော့ ငယ်ရွယ်သူကို ခေါ်ယူမှာပါပဲ'' ဟုဆိုခဲ့သည်။

PSG အသင်းသည် ဘာပေကို မြင့်မားသည့် လစာနှုန်းထားဖြင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း ချန်ပီယံလိဂ်ဖလားနှင့် လွဲချော်ခဲ့ရပြီးနောက် အပြောင်းအလဲများဖြစ်လာဖွယ်ရှိနေသည်။

ဘာပေသည် ယခင်ကတည်းက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် မျှော်လင့်နေသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

Most Read

Most Recent