လာမည့်ရာသီတွင် ကွင်းအတွင်း ကစားသမားများ မောပန်းနွမ်းနယ်မှုကို သိရှိရန်အတွက် STATSports ၏နည်းပညာမြင့်ဝတ်စုံကို ပရီးမီးယားလိဂ်အသင်းများ အသုံးပြုမည်

လာမည့်ရာသီတွင် ကွင်းအတွင်း ကစားသမားများ မောပန်းနွမ်းနယ်မှုကို သိရှိရန်အတွက် STATSports ၏နည်းပညာမြင့်ဝတ်စုံကို ပရီးမီးယားလိဂ်အသင်းများ အသုံးပြုမည်
Photo: Getty Images
Photo: Getty Images
Published 24 August 2020

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ၎င်းတို့၏ ကစားသမားများ ကွင်းအတွင်း မောပန်းနွမ်းနယ်မှု ခံစားရသည်ကို သိရှိနိုင်ရန်အတွက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော STATSports မှ ထုတ်လုပ်သည့် နည်းပညာမြင့်ဝတ်စုံများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

STATSports ၏ Sonra 3.0 ဆော့ဖ်ဝဲလ်ဖြင့် ကွင်းပြင်ပတွင်ရှိသော နည်းပြများ၏ Smart လက်ပတ်နာရီ (သို့မဟုတ်) Tablet များထဲသို့ ကစားသမားများ၏ အချက်အလက်များကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကစားသမား တစ်ဦးအနေဖြင့် ပွဲပန်းမှုဒဏ်ကို ခံ စားနေရသည်ဆိုခြင်းအား  အသိပေး အကြောင်းကြားသွားမည်ဖြစ်ပြီး နည်း ပြများက ယင်းကစားသမားများကို လွယ်လွယ်ကူကူလူစားလဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ရာသီပိတ်သိမ်းချိန် နောက်ကျခဲ့ရပြီး ကစားသမားများအနေဖြင့် နွေရာသီကာလအတွင်း အနားယူရက် အလွန်နည်းပါးခဲ့သည်။ 

သို့ဖြစ်ရာ လာမည့်ရာသီတွင် ကစားသမားများ ပွဲပန်းမှုဒဏ်ခံစားရမည်ကို ကလပ်အသင်းများက စိုးရိမ်ပူပန်နေကြပြီး နည်းပညာကုမ္ပဏီဖြစ်သည့် STATSports က ကလပ်အသင်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ခြင်းလည်းဖြစ်သည်။ 

STATSports နည်းပညာကုမ္ပဏီကို တည်ထောင်သူ ရှောင်ကွန်နော်က ''တကယ်လို့ နည်းပြတစ်ဦးဟာ ကစားသမား(၂)ယောက်အနက် ဘယ်သူ့ကိုလူစားလဲရမလဲလို့ ဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လက်ထောက်နည်းပြက ဒီ Data အချက်အလက်ကို ကြည့်ပြီး ရွေးချယ်ပေးနိုင်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent