ဂန္ထဝင်တိုက်စစ်မှူး ဘားကင့်ကို နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူခန့်အပ်ရန် အာတီတာ ဆန္ဒရှိနေ

ဂန္ထဝင်တိုက်စစ်မှူး ဘားကင့်ကို နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူခန့်အပ်ရန် အာတီတာ ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 24 August 2020

အာဆင်နယ်အသင်း၏နည်းပြ အာတီတာသည် အသင်း၏ ဂန္ထဝင်စာရင်းဝင် တိုက်စစ်မှူးဟောင်း ဘားကင့်ကို နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် အသင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နေသလို၊ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ယွန်းဘတ်မှာလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ထို့ကြောင့် အာတီတာသည် အစားထိုးအားဖြည့်မှု ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အေဂျက်စ်အသင်း၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် ဘားကင့်ကို မျက်စိကျနေခြင်းဖြစ်သည်။

ဘားကင့်(၅၁ နှစ်)သည် အာဆင်နယ်အသင်းတွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ (၁၁)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အီမရိတ်စ်ကွင်းအပြင်ဘက်၌ ရုပ်တုထုလုပ်၍ ဂုဏ်ပြုခံထားရသူလည်းဖြစ်သည်။

ဘားကင့်သည် အေဂျက်စ်အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင်မူ အသင်းလက်မဲ့ဖြစ်နေသည်။

ထို့ကြောင့် အာတီတာက အာဆင်နယ်အသင်းသို့ ခေါ်ယူရန် ချိန်ရွယ်နေခြင်းဖြစ်ပြီး မကြာမီ ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent