ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: PES
Photo: PES
Published 23 August 2020

PSG - ဘိုင်ယန်မြူးနစ် (တနင်္လာနံနက် မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က အကောင်းဆုံးတိုက်စစ် ပုံစံနဲ့ သွားမှာပဲ။ ဒါပေမဲ့ ခံစစ်မှာ ပြဿနာတွေရှိပါတယ်။ အထူးသဖြင့် ဘိုတန်ရဲ့ နေရာက ဘိုင်ယန်မြူးနစ်ခံစစ်ရဲ့အားနည်းဇုန်အဖြစ် တွေ့ရပြီး၊ တိုက်စစ်အားသန်တဲ့ ကင်မစ်ချ်နဲ့ ဘိုတန်တို့ရဲ့ကြားက Space တွေကို နေမာနဲ့ ဘာပေတို့ တွဲပြီး ထိုးဖောက်ဖို့များတယ်။ ဒီအ ချက်က ဘိုင်ယန်မြူးနစ်အတွက် ကြောက်စရာကောင်းတဲ့အ ချက်လို့လည်း ပြောရမယ်။ 

PSG အနေနဲ့ ဒီပွဲရဲ့လူအခင်းအကျင်းရွေးချယ်မှုမှာ အီကာ ဒီကို ထည့်ပြီး နေမာ-ဘာပေကို တောင်ပံထုတ်ကစားတာထက်စာရင် ဆီမီးဖိုင်နယ်မှာ လိုက်ပ်ဇစ်ကိုကျော်ဖြတ်ခဲ့တုန်းကလိုပဲ ဘာပေ-နေမာ-ဒီမာရီယာအတွဲနဲ့ ကစားဖို့များတယ်လို့ ယူဆရတယ်။ ပုံမှန်အားဖြင့် ဘိုင်ယန်မြူးနစ်ရဲ့ ခံစစ်ဘယ်ခြမ်းက အလာဘာနဲ့ ဒေးဗီးစ်တို့က အမြန်နှုန်းနဲ့ ဖျက်အားကောင်းတယ်။ ဒေးဗီးစ်က တိုက်စစ်ကို လိုက်ပါလွန်းတယ်ဆိုပေမယ့် တစ်ဖက်တိုက်စစ်ရဲ့ အခြေအနေကိုကြည့်ပြီး ခံစစ်ကို နည်းနည်းလေးအာရုံပိုစိုက်လိုက် ရုံနဲ့ ဒီနေရာက သိပ်စိတ်ပူစရာမရှိဘူး။ အဓိက အားနည်းတဲ့ဇုန်က ဘိုင်ယန်မြူးနစ်ခံစစ်ညာခြမ်းဖြစ်နေတယ်။ 

ဘိုင်ယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခ်ကတော့ သူ့အသင်း ကို (၄-၂-၃-၁)နဲ့ပဲ ပွဲထွက်လာလိမ့်မယ်။ ဘိုင်ယန်မြူးနစ်ခံစစ်နဲ့ PSG တိုက်စစ်တို့ ထိပ်တိုက်တွေ့ဆုံမယ့် အခြေအနေကို တွက်ဆကြည့်အပြီးမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်နဲ့ PSG ခံစစ်အခြေအနေကို သုံးသပ်ကြည့်ပါမယ်။ အရင်ဆုံး စဉ်းစားရမှာက ကင်းစလေကိုးမန်းကို သုံးမလား၊ ပါရီဆစ်ကို သုံးမလားဆိုတဲ့အပိုင်းဖြစ် တယ်။ နာဘရီက ညာတောင်ပံတိုက်စစ်ကနေ အတွင်းကို ချိုးဝင် ပြီး ကစားတယ်။ တကယ်လို့ ကင်မစ်ချ်က ညာတောင်ပံကနေ Overlap တက်လာရင်လည်း ဖြတ်တင်ဘောတွေ ပေးလို့ရအောင် Set-up လုပ်ပေးလေ့ရှိတယ်။ ကိုးမန်းနဲ့ ပါရီဆစ်မှာတော့ အမြန် နှုန်း၊ ကျွမ်းကျင်မှုတွေမှာ ကိုးမန်းသာနိုင်ပေမယ့် ပါရီဆစ်က ပိုပြီး စိတ်ဓာတ်ပြင်းတယ်။ ခြေစွမ်းတည်ငြိမ်တယ်။ PSG ရဲ့ ညာခြမ်း ခံစစ်က ကယ်ဟာက အတ္တလန်တာ၊ လိုက်ပ်ဇစ်တို့နဲ့ပွဲတွေမှာ တစ်ဦးချင်း ထိန်းချုပ်မှုပိုင်းမှာ ပြဿနာတွေရှိခဲ့ပြီး သူ့ရဲ့ ခံစစ်ဇုန် ကို လုံအောင် မကစားနိုင်တာတွေ့ရတယ်။ ဒါကြောင့် သီယာဂို ဆေးလ်ဗားက အမြဲတမ်းဝင်ကူညီနေရတယ်။ ဒီပွဲမှာ သီယာဂို ဆေးလ်ဗားက အစွန်တွေအထိ လိုက်ကူညီဖို့ ခက်နိုင်တာက လီ ဝန်ဒေါစကီးနဲ့ သောမတ်စ်မူလာတို့က အထောင်တိုက်စစ်နဲ့ နောက် ချန်တိုက်စစ်အဖြစ် ပယ်နယ်တီဧရိယာထဲကို ထိုးထိုးပြီး ဝင်လာ လေ့ရှိတဲ့သူတွေ ဖြစ်နေတယ်။ ဆေးလ်ဗား-ကင်ပမ်ဘေတို့ တစ် ချက်မှ အမှားကျူးလွန်လို့မရတဲ့ အနေအထားဖြစ်သလို၊ သူတို့ အ ကောင်းဆုံးပုံစံရခဲ့ရင်တောင် ဂိုးမပေးရအောင် ကစားဖို့ မလွယ်ကူ လောက်ဘူး။ အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် ဘားနတ်အ တွက်လည်း အခက်အခဲတွေရှိနိုင်တဲ့ပွဲတစ်ပွဲဖြစ်တယ်။

နှစ်သင်းစလုံးရဲ့ ခံစစ်မှာ အားနည်းချက်တွေရှိတယ်လို့ ယူ ဆရပြီး လူစာရင်းအရဆိုရင် PSG ခံစစ်က နည်းနည်းပိုအားပျော့ တယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင် လက်တလော ပိုထိုးဖောက်ရလွယ်တာက ဘိုင်ယန်မြူးနစ်ခံစစ် ဖြစ်နေပြီး လိုင်ယွန်သာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရင် ဂိုး စောစောပေးရနိုင်တယ်။ တိုက်စစ်ကစားတဲ့အခါ ဘိုင်ယန်မြူးနစ် က အရှိန်နဲ့ အုပ်စုဖွဲ့ကစားတဲ့အတွက် ကွင်းလယ်လူတွေရဲ့အကူ အညီကို ပိုလိုအပ်ပြီး PSG ကတော့ တိုက်စစ်ပိုင်းမှာ ကစားတဲ့ ကစားသမား (၃)ဦးရဲ့အားနဲ့ပဲ ကစားတာကြောင့် ကွင်းလယ်လူ တွေက ခံစစ်ကို ပိုကာကွယ်ပေးနိုင်တာကြောင့်လည်း ပါမယ်။

လက်ရှိအနေအထားအရ ဘိုင်ယန်မြူးနစ်က ပိုအားကောင်း ပြီး ပိုရေပန်းစားတဲ့အသင်းဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး။ ဒါပေ မဲ့ PSG ရဲ့တိုက်စစ်ပိုင်းက သူတို့ ရင်ဆိုင်ခဲ့တဲ့ ချယ်လ်ဆီး၊ ဘာစီ လိုနာ၊ လိုင်ယွန်တို့ထက် ပိုကြောက်စရာကောင်းတာ သေချာပြီး ဒီတိုက်စစ်ကို ပိုအာရုံစိုက်နေရခြင်းကပဲ ဘိုင်ယန်မြူးနစ် ကစား နေကျ Tempo နဲ့ တိုက်စစ်ပိုင်းကစားပိုင်းကို ထိခိုက်မှုရှိစေမ လားဆိုတာကို မဖြစ်မနေ စဉ်းစားဖို့လိုတယ်။ ဗိုလ်လုပွဲက နှစ်သင်း စလုံးအတွက်အခွင့်အရေးရှိပါတယ်။ စိတ်ဝင်စားစရာပွဲတစ်ပွဲ လည်းဖြစ်လာလိမ့်မယ်။ ပြီးတော့ PSG ကို ပိုကြိုက်ပါတယ်။ 



 

Most Read

Most Recent