ကျန်းမာရေးဝန်ထမ်းများအား လက်ခုပ်တီး၍ ဂုဏ်ပြုသည့်အစီအစဉ်ကို MNL ပွဲစဉ်အားလုံးတွင် ပြုလုပ်မည်

ကျန်းမာရေးဝန်ထမ်းများအား လက်ခုပ်တီး၍ ဂုဏ်ပြုသည့်အစီအစဉ်ကို MNL ပွဲစဉ်အားလုံးတွင် ပြုလုပ်မည်
Photo: MNL Facebook
Photo: MNL Facebook
Published 22 August 2020

မြန်မာနေရှင်နယ်လိဂ်သည် သြဂုတ် (၂၂) ရက်မှစ၍ ပြန်လည်ကျင်းပလျက်ရှိသည့် ၂၀၂၀ ရာသီ MNL ပြိုင်ပွဲ ပွဲစဉ်အားလုံးတွင် ကျန်းမာရေးဝန်ထမ်းများအား လက်ခုပ်တီး၍ ဂုဏ်ပြုသည့်အစီအစဉ်ကို ထည့်သွင်းပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် သြဂုတ် (၂၂) ရက်က ကျင်းပသည့် ရှမ်းယူနိုက်တက်- Southern ပွဲ၊ မကွေး-ရန်ကုန်ပွဲများတွင် ပွဲမစ တင်မီ (၁၅) စက္ကန့်ကြာ လက်ခုပ်တီးဂုဏ်ပြုသည့် အစီအစဉ်ပြုလုပ်ခဲ့ပြီး လက်ကျန်ပွဲအားလုံး ထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။ ''ကိုရို နာဗိုင်းရပ်စ် ကာကွယ်ကုသရေးလုပ်ငန်းတွေ မှာ စွမ်းစွမ်းတမံ ကုသဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေ နဲ့ ထည့်သွင်းပြုလုပ်တာဖြစ်ပါတယ်။ နိုင်ငံ တကာမှာလည်း ဒီအစီအစဉ်ကို ထည့်သွင်း ပြုလုပ်နေတာဖြစ်ပြီး ကျွန်တော်တို့ MNL လက်ကျန်ပွဲတိုင်းမှာလည်း ပွဲမစခင်ပြုလုပ် သွားမှာပါ'' ဟု မြန်မာနေရှင်နယ်လိဂ် တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံအားလုံး ရင်ဆိုင်နေရပြီး ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာတစ်ဝန်း ကျင်းပနေသည့် ဘောလုံးပွဲများတွင်လည်း လက်ခုပ်တီးဂုဏ်ပြု သည့်အစီအစဉ်ကို ထည့်သွင်းပြုလုပ်လျက်ရှိ သည်။ ထို့အတူ မြန်မာနေရှင်နယ်လိဂ်မှာ လည်း ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲစဉ် (၅၄) ပွဲစလုံးတွင် ယင်းအစီ အစဉ်ပြုလုပ်သွားမည်ဖြစ်သည်။ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲအားလုံးကို မတ် (၂၄) ရက်က တည်းက စတင်ရပ်နားခဲ့ရပြီး MNL ပြိုင်ပွဲကို ငါးလဝန်းကျင်အကြာတွင် ပြန်လည်ကျင်းပ ခွင့်ရခြင်းဖြစ်သည်။

Most Read

Most Recent