၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် NLD က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဖွဲ့စည်း

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် NLD က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဖွဲ့စည်း
Published 18 August 2020
နေမျိုးဝင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သြဂုတ် ၁၇ ရက်တွင် သိရသည်။

ဇူလိုင် ၂၁ ရက်တွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အတွင်းရေးမှူး၊ ဦးတင်ဦး ဂုဏ်ထူးဆောင်နာယက တို့ဖြစ်ကြောင်း သိရသည်။

ကျန်အဖွဲ့ဝင်များမှာ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးမန်းဝင်းခိုင်သန်း၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ အောင်မိုးညို၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု၊ ဒေါက်တာမျိုးအောင် ၊ ဦးဖြိုးမင်းသိန်းတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေါက်တာ မျိုးညွန့်၊ ဦးသိန်းဦး၊ ဦးအင်ထုံးခါးနော်ဆမ်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာမြင့်နိုင်၊ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါ်ကြူကြူသန်း၊ ဒေါ်လဲ့လဲ့၊ ဒေါ်မိုးဆန်းစုကြည်၊ ဦးဘမျိုးသိန်း၊ ဦးကျော်ထွေး၊ ဦးကျော်ဝဏ္ဏ၊ ဦးကျော်ရင်မြင့်၊ ဦးစိုင်းရှန်တစ်လုံတို့မှာလည်း အဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent