စီဘယ်ယော့စ်အတွက် ရီးယဲလ် ပေါင်(၂၃)သန်း သတ်မှတ်

စီဘယ်ယော့စ်အတွက် ရီးယဲလ် ပေါင်(၂၃)သန်း သတ်မှတ်
Photo: Getty Images
Photo: Getty Images
Published 16 July 2020

စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် အာဆင်နယ်အသင်းသို့အငှားချထားaသာ ၎င်းတို့၏ကွင်းလယ်လူ စီဘယ်ယော့စ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၂၃)သန်း သတ်မှတ်လိုက်ကြောင်းသိရသည်။ 

အသက် (၂၃)နှစ်အရွယ်ရှိသူ စီဘယ်ယော့စ်သည် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ယခုနောက်ပိုင်း အာဆင်နယ်အသင်း၏ ပွဲစဉ်များ၌ ပွဲထွက်ကစားသမားအဖြစ် ဆက်တိုက်ပါဝင်ကာ ခြေစွမ်းပြနေသူဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီကုန်တွင် စီဘယ်ယော့စ်အား အပြီးသတ်ခေါ်ယူရန် စီစဉ်နေပြီး စပိန်ကလပ်အသင်းများဖြစ်သည့် ဘက်တစ်၊ ဗလင်စီယာအသင်းများကလည်း ၎င်းကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

စီဘယ်ယော့စ်က အာဆင်နယ်အသင်းတွင် သူ ဆက်ကစားဖွယ်ရှိသည်ဟု ပြောကြားထားသည်။

Most Read

Most Recent