၂၀၀၅-၀၆ ရာသီအကုန်တွင် အဆင့်(၁၉)နေရာဖြင့် လာလီဂါမှ တန်းဆင်းသွားခဲ့ရသော ကာဒစ်ဇ်အသင်းသည် လာမည့်ရာသီတွင် လာလီဂါသို့ ပြန်လည်တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
ကာဒစ်ဇ်အသင်းသည် ကြားကာလအတွင်း ဆီဂန်ဒါ(ခ)သို့ ရောက်ရှိသည်အထိ ရုန်းကန်ခဲ့ရပြီး ၂၀၁၆-၁၇ ရာသီမှသာ ဆီဂန်ဒါသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကာဒစ်ဇ်အသင်းသည် လက်ရှိ ၂၀၁၉-၂၀ ရာသီတွင် ပြိုင်ပွဲပြီးဆုံးရန် (၂)ပွဲအလို၌ တတိယနေရာမှ ဇာရာဂိုဇာအသင်းကို (၇)မှတ်ဖြတ်ထားနိုင်ခဲ့သလို၊ စတုတ္ထနေရာမှ တစ်ပွဲလျော့ အယ်လ်မီရီယာအသင်းကိုလည်း (၉)မှတ်ဖြတ်ပြီး Head-to-head အသာစီးရရှိထားသဖြင့် လာလီဂါသို့ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကာဒစ်ဇ်အသင်းသည် တန်းတက်ခွင့်ရရှိရုံသာမက ဆီဂန်ဒါချန်ပီယံဆုကိုပါ ရယူနိုင်ရန် အလားအလာကောင်းနေကြောင်းလည်း သိရှိရသည်။









