လာလီဂါပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Published 13 July 2020

ရီးယဲလ်မက်ဒရစ်ကတော့ ပုံမှန်နိုင်ပွဲတွေယူရင်း ချန်ပီယံဆုအတွက်ပါ နီးစပ်လာပြီဖြစ်လို့ ယုံကြည်မှုအားကောင်းနေနိုင်တယ်။ အထူးသဖြင့် ခံစစ်ပိုင်းစွမ်းဆောင်ရည်က အားရစရာကောင်းနေပြီး ကွင်းမရွေး မာမာကျောကျောကစားနေနိုင်တာ တွေ့ရတယ်။

အလာဗတ်စ် နှင့် ဂီတာဖေး (တနင်္လာည ၁၂း၀၀ နာရီ)

လက်ရှိခြေစွမ်းအရတော့ (၂)သင်းစလုံး အားရစရာမရှိလှပေမယ့် ဂီတာဖေးက ဥရောပဝင်ခွင့်မျှော်လင့်ချက်ဆိုတဲ့စိတ် နဲ့ ကစားမှာဖြစ်လို့ အနည်းဆုံး သရေတစ်မှတ် ယူပါလိမ့်မယ်။

ဗီလာရီးယဲလ် နှင့် ဆိုစီဒက် (တနင်္လာည ၁၂း၀၀ နာရီ)

ဗီလာရီးယဲလ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အသက်ဆက်နိုင်ဖို့ ကြိုးစားမှာသေချာတယ်။ အိမ်ရှင်ဖြစ်နေတဲ့အပြင် လက်ရှိခြေစွမ်းမှာလည်း ဗီလာရီးယဲလ်တို့ ဆိုစီဒက်ထက် သာပါတယ်။ ဒါ့အပြင် ဗီလာရီးယဲလ်တို့ ပြီးခဲ့တဲ့ပွဲမှာ ဘာစီလိုနာကို ဂိုးပြတ်ရှုံးခဲ့ရတဲ့ အိမ်ကွင်းအရှုံးအတွက် အခုပွဲမှာ ပြန်ပေါက်ကွဲဖို့လည်း ပြင်ဆင်လာလိမ့်မယ်။ ဆိုစီဒက်ကတော့ ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းပါ ကျဆင်းနေသလို၊ ပွဲတွေ ဆက်တိုက်ကစားလာရချိန်မှာ အသင်းရဲ့ဟန်ချက်ကို မထိန်းညှိနိုင်ဘဲ တဖြည်းဖြည်းနဲ့ ဖိအားတွေများလာတာ တွေ့နေရတယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ပိုကြိုက်တယ်။

ဂရန်နာဒါ နှင့် ရီးယဲလ်မက်ဒရစ် (အင်္ဂါနံနက် ၂း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ပုံမှန်နိုင်ပွဲတွေယူရင်း ချန်ပီယံဆုအတွက်ပါ နီးစပ်လာပြီဖြစ်လို့ ယုံကြည်မှုအားကောင်းနေနိုင်တယ်။ အထူးသဖြင့် ခံစစ်ပိုင်းစွမ်းဆောင်ရည်က အားရစရာကောင်းနေပြီး ကွင်းမရွေး မာမာကျောကျောကစားနေနိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ အခုကစားရမယ့် ဂရန်နာဒါရဲ့ ခြေစွမ်းက အဆိုးကြီးမဟုတ်ဘဲ  COVID-19 အလွန်မှာ စုစည်းမှုပိုအားကောင်းလာနေတာတွေ့ရလို့ ရီးယဲလ်ရဲ့ ခြေစွမ်းတည်ငြိမ်မှုကို စမ်းသပ်တဲ့ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။ ရီးယဲလ်မက်ဒရစ်အနေနဲ့ ရာသီကုန်ဖို့နီးလာတာနဲ့အမျှ ဖိအားပိုကင်းလာပြီး ပေါ့ပေါ့ပါးပါး ကစားနေနိုင်လို့ အခုပွဲကိုလည်း ထိန်းထိန်းသိမ်းသိမ်းပဲ ကစားလာမှာပါ။ ဂရန်နာဒါအနေနဲ့ အစဉ်အလာပိုင်းမှာ ရီးယဲလ်မက် ဒရစ်ကို ယှဉ်နိုင်လေ့မရှိသလို၊ ဂရန်နာဒါအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရပုံတွေနဲ့တော့ ဒီပွဲလည်း ရီးယဲလ်မက်ဒရစ် ဘယ်နှဂိုးသွင်းမှာလဲဆိုတာပဲ စဉ်းစားရမယ်ထင်တယ်။ ရီးယဲလ် မက်ဒရစ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။



 

Most Read

Most Recent