ထိုက်သင့်သောနစ်နာကြေးရရန်အတွက် ဖြေရှင်းပေးနိုင်ခြင်းမရှိပါက AFC နှင် FIFA သို့ဇွဲကပင်ကစားသမား တိုင်ကြားသွားမည်

ထိုက်သင့်သောနစ်နာကြေးရရန်အတွက် ဖြေရှင်းပေးနိုင်ခြင်းမရှိပါက AFC နှင် FIFA သို့ဇွဲကပင်ကစားသမား တိုင်ကြားသွားမည်
Photo: Kaung Htet Aung
Photo: Kaung Htet Aung
Published 7 July 2020

ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော် မတီအစည်းအဝေးတွင် အသင်းဖျက်သိမ်း ကြောင်း ကြေညာခဲ့သည့် ဇွဲကပင်ယူနိုက်တက် အသင်းမှ ကစားသမားများအနေဖြင့် ထိုက် သင့်သော နစ်နာကြေးရရန်အတွက် မဖြေရှင်း ပေးပါက အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံသို့ တိုင် ကြားသွားမည်ဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတွင် မီဒီယာများထံသို့ ပြောကြားခဲ့သ ည်။ ဇွဲကပင်အသင်းသည် ပြီးခဲ့သည့် ဇွန်လတွင် အသင်းဖျက်သိမ်းကြောင်း ကြေညာခဲ့သည့် အသင်းဖြစ်သော်လည်း ကစားသမားများအတွက် ထိုက်သင့်သော နစ်နာကြေးဖြင့် ပြေလည်အောင် ညှိနှိုင်းဖြေရှင်းမှုမပြုလုပ်ပေးခဲ့ကြောင်း အသင်းခေါင်းဆောင်ဇင်ဖြိုးအောင်က ပြောကြားခဲ့သည်။

''ကျွန်တော်တို့ကို ဧပြီလဝက်၊ မေလဝက်နဲ့ ဇွန်လဝက်စာဘဲ လစာကို ဖြေရှင်းပေးထားတာပါ။ ဒီအတွက်ကလည်း စီနီယာအသင်းကကစား သမားတွေပဲ ပါဝင်ပါတယ်။ ယူ-၁၉နဲ့ယူ-၂၁  မှာ ကစားနေတဲ့ ကစားသမားတွေဆိုရင် ပြီး ခဲ့တဲ့ ဧပြီလကတည်းလစာလုံးဝမရတော့ပါ ဘူး။ဒီအချိန်မှာ အသင်းဖျက်လိုက်တဲ့အတွက် ရာသီပြီးတဲ့အထိ ကျွန်တော်တို့ရဲ့စားဝတ်နေရေးဟာ အခက်အခဲဖြစ်သွားပါတယ်။နောက် တစ်ချက်က ကွျွန်တော်တို့ စီနီယာအသင်းမှာ ကစားနေတဲ့ ကစားသမားတွေဆိုပေမဲ့လစာ အများဆုံးမှ (၅)သိန်းနဲ့(၆)သိန်းပဲရတဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒါတောင်(၂)ယောက်ပဲရှိတာပါ။ကျန်တာက လစာ(၃)သိန်း၊(၄)သိန်းတွေ ပဲရကြတာပါ။ဒါ့ကြောင့် အသင်းဖျက်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ မတန်တဆကြီး နစ်နစ်ကြေးရလိုတာမဟုတ်ပါဘူး။ထိုက်သင့်တဲ့ နစ်နာကြေးပဲရလိုတာပါ။ အနည်းဆုံး (၃)လစာလောက်ပဲ ဖြေရှင်းပေးမယ်ဆိုရင် ကျွန်တော်တို့ အဆင်ပြေပါပြီ။ဒီလိုနည်းနဲ့မှ ကျွန်တော်တို့ရဲ့ အခြေအနေဟာမပြေလည်သွားဘူးဆိုရင်တော့နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး AFC နဲ့ FIFA ကို တိုင်ကြားသွားမှာပါ'' ဟု ဇွဲကပင်အသင်းခေါင်းဆောင် ဇင်ဖြိုးအောင်က ပြောကြားခဲ့သည်။

ဇွဲကပင်အသင်းယူ-၂၁ အသင်းမှကစားသမားများအနေဖြင့် ရရှိသောနှုန်းထားမှာ ၁၁၀၀၀၀ ပတ်ဝန်းကျင်သာရှိပြီး ယူ-၁၉ အ သင်းမှ ကစားသမားများမှာ ၁၀၀၀၀၀ ပတ်ဝန်းကျင်သာရှိကြောင်း သိရသည်။ ဇွဲကပင် ကစားသမားများ၏ လက်ရှိကြုံတွေ့နေရ သောအခက်အခဲ အား နေရှင်နယ်လိဂ်ကော်မတီထံတိုင်ကြားခဲ့သော်လည်း လိဂ်နှင့်တိုက် ရိုက်သက်ဆိုင်းခြင်းမရှိသောကြောင့် ကြားဝင်ဖြေရှင်းပေးရန် တတ်နိုင်ခြင်းမရှိကြောင်း  မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်မှုကို ပြန်လည်ဖြေကြားထားသည်။ MNL ကလပ်အချို့အနေဖြင့် လစာမဖြေရှင်းနိုင်သည့် ပြသာနာများပြသာနာများ မကြာခဏ ကြုံတွေ့ရလျက်ရှိသည်။

Most Read

Most Recent