ချယ်လ်ဆီး၊ မန်ယူအသင်းတို့၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် ကိုင်ဟာဗက်ဇ် လေဗာကူဆင်နှင့် ဆွေးနွေးခွင့်တောင်းဆို

ချယ်လ်ဆီး၊ မန်ယူအသင်းတို့၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် ကိုင်ဟာဗက်ဇ် လေဗာကူဆင်နှင့် ဆွေးနွေးခွင့်တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 7 July 2020

ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့၏ စိတ်ဝင်စားခြင်းခံနေရသည့် လေဗာကူဆင်အသင်း၏ ဂျာမန်လူငယ်ကြယ်ပွင့် ကစားသမား ကိုင်ဟာဗက်ဇ်သည်  သူ၏အနာဂတ်အတွက် အသင်းနှင့် ဆွေးနွေးခွင့်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ကိုင်ဟာဗက်ဇ်သည် ပရီးမီးယားလိဂ်အသင်းကြီး နှစ်သင်းသာမက ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်သည်။

သူသည် ယခုရာသီတွင် လေဗာကူဆင်အသင်းကို ဂျာမန်ဖလား ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးနိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲအပြီးတွင် သူ၏အနာဂတ်အတွက် ဆွေးနွေးခွင့်ပေးရန် ကလပ်အသင်းထံ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ဂျာမန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သည့် Bild ကလည်း ကိုင်ဟာဗက်ဇ်သည် ယခုရာသီတွင် အသင်းမှ ထွက်ခွာခွင့်ရရန် လိုလားနေပြီး၊ အသင်းနှင့် ဆွေးနွေးခွင့်တောင်းဆိုခဲ့ခြင်းမှာ သူ့အားအသင်းမှ ထွက်ခွာခွင့်ပြုရန်အတွက်သာဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် အလွန်မြင့်မားသည့် ပြောင်းရွှေ့ကြေးကို တောင်းဆိုခြင်းမပြုရန်မှာ အခြားအသင်းကြီးတစ်သင်းသင်းသို့ ပြောင်းရွှေ့ခွင့်ရရန်အတွက် အလွန်အရေးပါနေသည့် အချက်ဖြစ်ပြီး ကိုင်ဟာဗက်ဇ်သည် ယင်းအခြေအနေအတွက်လည်း အသိပေးသွားရန် ဆန္ဒရှိနေသည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် လေဗာကူဆင်အသင်းသည် ဟာဗက်ဇ်အား ရောင်းထုတ်ရန် ဆန္ဒရှိနေသော်လည်း ယင်းကစားသမားအတွက် ယူရိုသန်း (၁၀၀)ဝန်းကျင်အထိ အလိုရှိနေပြီး မည်သည့်ကမ်းလှမ်းမှုကိုမျှ လက်မခံသေးချေ။

သတင်းများ၏အဆိုအရမူ ကိုင်ဟာဗက်ဇ်သည် တီမိုဗာနာနှင့်  ဟာကင်မ်ဇီယာ့ရှ်တို့အား ခေါ်ယူထားသည့် ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသည်ဟုလည်း သိရှိရသည်။

Most Read

Most Recent