ရီးယဲလ်အသင်း၏ ၀ါရင့်နောက်ခံလူ မာဆယ်လိုသည် ဘီလ်ဘာအိုနှင့်ပွဲတွင် ရီးယဲလ်ကစားသမားဘဝ နိုင်ပွဲ(၃၅၀)ပြည့်မြောက်ခဲ့ကြောင်း သိရှိရသည်။
မာဆယ်လိုသည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၀၉)ပွဲ ယှဉ်ပြိုင်ကစားခဲ့အပြီးတွင် ယင်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ဘီလ်ဘာအိုနှင့်ပွဲအပြီး၌ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အမှတ်တရအင်္ကျီ ပေးအပ်ခဲ့သည်။
မာဆယ်လိုသည် အဆိုပါနိုင်ပွဲ(၃၅၀)ကို လာလီဂါတွင် (၂၄၈)ပွဲ၊ ချန်ပီယံလိဂ်တွင် (၆၅)ပွဲ၊ စပိန်ဘုရင့်ဖလားတွင် (၂၂)ပွဲ၊ ကလပ်ကမ္ဘာ့ဖလားတွင် (၈)ပွဲ၊ ဥရောပစူပါဖလားတွင် (၃)ပွဲ၊ စပိန်စူပါဖလားတွင် (၄)ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၀၇ ဇန်နဝါရီကတည်းက ရီးယဲလ်အသင်းနှင့် စတင်လက်တွဲခဲ့သော မာဆယ်လို(၃၂ နှစ်)သည် ရီးယဲလ်အသင်းနှင့် ဆုဖလား(၂၂)လုံး ရယူထားနိုင်သူလည်းဖြစ်သည်။









