အင်တာမီလန် - ဘိုလော့ဂ်နာ (တနင်္ဂနွေည ၉း၄၅ နာရီ)
ဘိုလော့ဂ်နာက ဘာမျှော်လင့်ချက်၊ ဘာဖိအားမှမရှိပေ မယ့် သူတို့ရဲ့ မာဂုဏ်ကိုပြသနေတယ်။ တန်းဆင်းအန္တရာယ်ရှိ နေတဲ့ ဆမ်ဒိုးရီးယားကို အနိုင်ကစားပြခဲ့သလို၊ အခုလည်း ချန် ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်မယ့် အင်တာ မီလန်ကို ဒုက္ခပေးနိုင်အောင် လုံးပန်းဦးမယ်ထင်တယ်။ အစဉ် အလာအရ ဘိုလော့ဂ်နာနဲ့ ရင်ဆိုင်ရတိုင်း အင်တာမီလန် ရုန်း ကန်ရတတ်လို့ (၂)ဂိုးပြတ်၊ မပြတ် စဉ်းစားရမယ်။
ကာဂလီယာရီ - အတ္တလန်တာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
အတ္တလန်တာရဲ့သွင်းဂိုးမုန်တိုင်းဟာ မရပ်တန့်သေးဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အမှတ်လိုနေလို့ ဒီပွဲမှာ လည်း အတ္တလန်တာ ရုန်းကန်ပြပါဦးမယ်။ ကာဂလီယာရီက လည်း နိုင်ဂိုလန်တို့အုပ်စု ခြေစွမ်းပြန်ပြနေပြီး သချင်္ာနည်းအရ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှိနေပါသေးတယ်။ အတ္တလန် တာရဲ့ နိုင်ပွဲဆက်မှတ်တမ်းကို ကာဂလီယာရီ ရပ်တန့်နိုင်မယ် လို့ သေချာပေါက်မပြောနိုင်ပေမယ့် မျှော်လင့်ခွင့်ရှိတယ်။
ပါးမား - ဖီအိုရင်တီးနား (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
ပါးမား ရလဒ်တွေ ပြန်ပြီးကျဆင်းနေတယ်။ ဖီအိုရင်တီးနားကလည်း အလုံးစုံမတည်ငြိမ်သေးဘူး။ တိုက်စစ်ကစားပုံ လို အပ်ချက်တွေရှိနေပြီး ရီဘာရီရဲ့ ရုန်းအားကိုသာ အဓိကအားပြု နေရတာ မဖြစ်သင့်ဘူးလို့ဆိုရမယ်။ ပါးမားကလည်း ပရိသတ် တွေရှိနေချိန်မှာတောင် အိမ်ကွင်းရလဒ်တွေ သိပ်ကောင်းလေ့ မရှိလို့ ပရိသတ်တွေမရှိချိန် ပိုပြီးသတိထားရမယ်လို့ ဆိုရမလားပဲ။ (၁-၁)၊ (၂-၁) ရလဒ် ဖြစ်လာနိုင်တယ်။
အူဒီးနီးစ် - ဂျီနိုအာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
တန်းဆင်းအန္တရာယ်ရှိနေတဲ့အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲပါပဲ။ တစ်ချိန်ုတုန်းက ဖျက်မြင်းအသင်းတွေဖြစ်ခဲ့ ပေမယ့်ဒီရာသီမှာ ပုံရိပ်ကျဆင်းနေရတာပါပဲ။ သရေကျဖို့များ ပြီး နိုင်မယ်ဆိုရင် အူဒီးနီးစ်ပါပဲ။
ဘရက်စီယာ - ဗီရိုနာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
ဘရက်စီယာက ရလဒ်တွေပြန်ကောင်းလာတယ်။ ဗီရိုနာ က ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှိနေသေးပြီး ကစားသမား စုဖွဲ့မှုအရလည်း ဘရက်စီယာထက်သာသလို စိတ်ပိုင်းဆိုင်ရာ ခံယူချက်လည်း မြင့်မားတယ်။ ဗီရိုနာ အမှတ်ရမယ်။
ဆမ်ဒိုးရီးယား - SPAL (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
တန်းဆင်းဇုန်ပြိုင်ဘက်တွေနဲ့ ဆက်တိုက်ရင်ဆိုင်ရချိန်မှာ ဆမ်ဒိုးရီးယား အမှတ်ယူထားသင့်တယ်။ SPAL က ကစား သမားစုဖွဲ့မှုကောင်းမွန်ပေမယ့် အသင်းလိုက်ကစားပုံ ဟန်ချက် မညီဘူး။ ဆမ်ဒိုးရီးယားကလည်း သိပ်ပြီးယုံကြည်လို့မရသေးပေမယ့် ဒီပွဲမှာ အမှတ်ရအောင်ယူမယ်။
နာပိုလီ - ရိုးမား (တနင်္လာနံနက် ၂း၁၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့ (၂)သင်းထိပ်တိုက်တွေ့ဆုံမှုပါပဲ။ ဒီပွဲမှာ အရေးနိမ့်တဲ့အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်ခပ်ရေးရေး လွင့်ပြယ်သွားနိုင်ပါတယ်။ ရိုးမားက ဒီရာသီမှာစီးရီးအေ Big Six အသင်းတွေနဲ့စီးချင်းထိုးပွဲမှာ ရလဒ်သိပ်မကောင်းဘူး။ အေစီမီလန်နဲ့ နာပိုလီကို အိမ်ကွင်းပွဲစဉ်တွေမှာ အနိုင်ရခဲ့ပေမယ့် ကျန်အသင်းတွေနဲ့ပွဲစဉ်မှာ နိုင်ပွဲ မယူနိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်မှာ အေစီမီလန်ကို အဝေးကွင်းမှာ ပြန်ပြီးရှုံးနိမ့်ခဲ့သလို၊ အခုလည်း နာပိုလီကွင်းမှာပြန်ပြီး လက်စားချေခံရမလား စောင့်ကြည့်ရမယ်။ နာပိုလီက ကိုပါအီတာလီယာရယူနိုင်ခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲ ဖြစ်လာပြီး ကစားပုံ ပိုပြီးတိုးတက်လာတယ်။ ဒီပွဲမတိုင်မီ အတ္တလန်တာနဲ့ ပွဲကျပ်ကစားခဲ့ရပေမယ့် အခုပွဲကိုလည်း နိုင်ပွဲရအောင် နာပိုလီ ရည်မှန်းလိမ့်မယ်။ နာပိုလီ အနိုင်ရပါလိမ့်မယ်။ (၂-၁)၊ (၃-၁)လောက် ဖြစ်နိုင်တယ်။









