မန်ယူ (၅-၂) ဘုန်းမောက်ပွဲစဉ်အပြီး OPTA မှဖော်ပြခဲ့သည့် မန်ယူကစားသမားများ၏ ကိန်းဂဏန်းအချက်အလက်များ

မန်ယူ (၅-၂) ဘုန်းမောက်ပွဲစဉ်အပြီး OPTA မှဖော်ပြခဲ့သည့် မန်ယူကစားသမားများ၏ ကိန်းဂဏန်းအချက်အလက်များ
Photos: OPTA
Photos: OPTA
Published 4 July 2020

■ ဘုန်းမောက်အသင်းနှင့်ပွဲတွင် သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်ယူလူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်အနေဖြင့်

ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး (၈)ဂိုးအထိရှိလာခဲ့ပြီး အိုဝင် (၁၈ ဂိုး)၊ ရော်ဘီဖောင်လာ (၁၀ ဂိုး)၊ ရွန်နီ၊ အိုဝင်(၉ ဂိုးစီ) တို့နောက်ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ တစ်ရာသီအတွင်း စတုတ္ထမြောက် လိဂ်ဂိုးအများဆုံးသွင်းယူနိုင်သည့် အသက် (၁၈)နှစ်နှင့်အောက် ကစားသမားဖြစ်လာခဲ့သည်။

■ မန်ယူတိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်မှာလည်း ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀)ရှိလာခဲ့ပြီး ၂၀၁၁-၁၂ ရာသီက ရွန်နီ (၃၄ ဂိုး)နောက်ပိုင်း မန်ယူအသင်းအတွက်ပြိုင်ပွဲစုံ ဂိုး (၂၀)နှင့်အထက်သွင်းယူနိုင်သည့် အင်္ဂလန်ကစားသမားဖြစ်လာခဲ့သည်။

■  ထို့အတူ မာစီယဲလ်မှာလည်း ၂၀၂၀ ခုနှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုး (၁၀)ဂိုးပြည့်မြောက်ခဲ့ပြီး ယင်းအရေအတွက်ကိုရရှိသည့် ပထမဆုံးပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့သည်။

■ မန်ယူအသင်း၏ တိုက်စစ်အတွဲအဖက်ဖြစ်သော ရပ်ရှ်ဖို့ဒ်နှင့် မာစီယဲလ်တို့သည် ယခုရာသီအိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀)ဂိုးနှင့်အထက်စီသွင်းယူထားနိုင်ပြီး ယင်းမှာ ၂၀၀၇-၀၈ ရာသီက စီရော်နယ်လ်ဒိုနှင့် တီဗက်ဇ်တို့နောက်ပိုင်း ပထမဆုံးစွမ်းဆောင်နိုင်မှုဖြစ်ခဲ့သည်။

■ ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကမှ မန်ယူအသင်းသို့ပြောင်းရွှေ့လာခဲ့သည့် ကွင်းလယ်လူဘရူနိုဖာနန်ဒက်ဇ်သည်

အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ (၉)ပွဲကစားပြီးချိန်တွင် ဂိုးပါဝင်ပတ်သက်မှု (၁၁)ဂိုး (၆ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး) ရှိလာခဲ့ပြီး

အသင်းသမိုင်းတွင် အကောင်းဆုံးပွဲထွက်ရလဒ်ဖြစ်ခဲ့သည်။

■ မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ပွဲစဉ်တစ်ပွဲ၌ ပရီးမီးယားလိဂ်သွင်းဂိုး (၅)ဂိုးသွင်းယူနိုင်သည်မှာ ၂၀၁၁ ခုနှစ်က ဝီဂန်အသင်းအား (၅-ဝ)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

Most Read

Most Recent