ဘာစီလိုနာအသင်းနှင့် မက်ဆီ စာချုပ်သက်တမ်းမတိုးဘဲ ၂၀၂၁ ခုနှစ်တွင် လမ်းခွဲတော့မည်ဟု Cadena SER ရေဒီယို ကြေညာ

ဘာစီလိုနာအသင်းနှင့် မက်ဆီ စာချုပ်သက်တမ်းမတိုးဘဲ ၂၀၂၁ ခုနှစ်တွင် လမ်းခွဲတော့မည်ဟု Cadena SER ရေဒီယို ကြေညာ
Photo: AFP
Photo: AFP
Published 4 July 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် စာချုပ်သက်တမ်းမတိုးဘဲ ၂၀၂၁ ခုနှစ်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း စပိန် အခြေစိုက် Cadena SER ရေဒီယိုက ဇူလိုင် (၂) ရက်တွင် ထုတ်လွှင့်ကြေညာခဲ့သည်။

မက်ဆီနှင့် ဖခင်ဖြစ်သူ ဂျော့ချ်သည် စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်း တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးနေပြီဖြစ် သော်လည်း ယခုအချိန်အထိ တိုးတက်မှုမရှိ သေးကြောင်း သိရသည်။ ထို့ပြင် ရေဒီယိုအစီ အစဉ်တင်ဆက်သူနှင့် ဂျာနယ်လစ်ဖြစ်သူ မာနူကာရီနိုက Cadena SER ရေဒီယို၏ El Larguero အစီအစဉ်တွင် အာဂျင်တီးနား လက်ရွေးစင်ကစားသမားအနေဖြင့် ၂၀၂၁ ခုနှစ်တွင် နူးကမ့်မှထွက်ခွာရန် ဆုံးဖြတ်ထား ပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်း သတင်းကိုကိုးကား၍ AS၊ Marca စသည့် စပိန်သတင်းဌာနများစွာက ပြန်လည်ဖော်ပြ ခဲ့ကြသည်။ မက်ဆီသည် ဘာစီလိုနာအသင်း၏ လက်ရှိလူစာရင်းအပေါ် ကျေနပ်အားရ ခြင်းမရှိသလို ဘုတ်အဖွဲ့နှင့် အသင်း၏ စွမ်း ဆောင်ရည်ကိုလည်း ယခုနှစ်အတွင်း မကြာခဏ ဝေဖန်ပြောကြားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း နည်းပြ ဗယ်လ်ဗာဒီ ထုတ်ပယ်ခံရခြင်းမှာ ကစားသမားများ၏ လက်ချက်ဟု မီဒီယာများက ဖော်ပြခြင်းမှာ အားကစားဒါရိုက်တာ အဘီဒယ်လ်ကြောင့် ဖြစ်ကြောင်း မက်ဆီက စွပ်စွဲခဲ့ပြီးနောက် ၎င်းတို့အကြား ဆက်ဆံရေးအခြေအနေတင်းမာ သွားခဲ့သည်။ ထို့ပြင် မက်ဆီသည် ဖေဖော် ၀ါရီလအတွင်း Mundo Deportivo သတင်း စာနှင့် အင်တာဗျူးတွင် အသင်း၏ကစားပုံမှာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲရန် လုံလောက်မှုမရှိကြောင်း ဝေဖန် ပြောကြားခဲ့သည်။ ဧပြီတွင်လည်း ကိုရိုနာ ဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း လစာလျှော့ချမည့်အစီအစဉ်ကို ကစားသမားများက လက်မခံသည့်ပုံစံဖြစ်စေရန် ဒါရိုက် တာအဖွဲ့ဝင်များက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ သို့ဖြစ်ရာ ဘာစီလိုနာအသင်းနှင့် မက်ဆီတို့၏ ဆက်ဆံ ရေးအခြေအနေမှာ အေးစက်လာပြီး စာချုပ် ကုန်ဆုံးမည့် ၂၀၂၁ ခုနှစ် နွေရာသီတွင် လမ်း ခွဲရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Cadena SER ရေဒီယိုက ထုတ်လွှင့်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူအပါ အဝင် ဒါရိုက်တာအဖွဲ့ဝင်များကမူ မက်ဆီ ကို ကစားသမားဘဝကုန်ဆုံးချိန်အထိ ဆက် ရှိစေလိုကြောင်း ထုတ်ဖော်ပြောကြားထား ပြီး ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေစေမည့် (၂)နှစ်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိသည်။ ဇွန်လအတွင်း အသက် (၃၃) နှစ်ပြည့်ခဲ့သည့် မက်ဆီသည် ဘာစီလိုနာအသင်းနှင့် လက်ရှိ စာချုပ်အရ တစ်ပတ်လစာ ယူရို (၆)သိန်း အထိ ရရှိနေသည်။

Most Read

Most Recent