Elite Tour 8 Ball ပြိုင်ပွဲ၏ ဒုတိယဇုန်အလိုက်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲတွင် ဘုန်းမြင့်ကျော် အနိုင်ရ ဇူလိုင် (၂၅) ရက်မှ (၂၉) ရက်အထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ဝင်ခွင့်အတွက် အောင်မြင်မှုရရန် လိုအပ်နေ

Elite Tour 8 Ball ပြိုင်ပွဲ၏ ဒုတိယဇုန်အလိုက်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲတွင် ဘုန်းမြင့်ကျော် အနိုင်ရ ဇူလိုင် (၂၅) ရက်မှ (၂၉) ရက်အထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ဝင်ခွင့်အတွက် အောင်မြင်မှုရရန် လိုအပ်နေ
Photo: Ko Ar Ti Facebook
Photo: Ko Ar Ti Facebook
Published 4 July 2020

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) မောင်မောင် (ခ) အားတီသည် Elite Tour 8 Ball ပြိုင်ပွဲ၏ ဒုတိယဇုန် အလိုက်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့ကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည် ဇွန် (၂၇) ရက်မှ ဇူလိုင် (၁) ရက်အထိ ကျင်းပသည့် ပထမဇုန် အလိုက်ပြိုင်ပွဲတွင် ပထမအဆင့်မှ ထွက်ခဲ့ရသောကြောင့် ဒုတိယပြိုင်ပွဲ ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲ ကစားရခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် တရုတ်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ရပြီး (၁၅-၁၃) ပွဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုန်းမြင့်ကျော်သည် ဇူလိုင် (၂၅) ရက်မှ (၂၉) ရက်အထိ ကျင်းပမည့် ဒုတိယဇုန်အလိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ 

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ဇုန်အလိုက်ပြိုင်ပွဲလေးခုမှ ရလဒ်များကို တွက်ချက်ကာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်၍ ဘုန်းမြင့်ကျော် အနေဖြင့် ယခုလအတွင်းကျင်းပမည့် ဒုတိယ ဇုန်အလိုက်ပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိရန် လိုအပ်နေသည်။ ဇုန်အလိုက် ပြိုင်ပွဲလေးခုမှ ရလဒ်များကိုတွက်ချက်ကာ ရပ်တည်မှုအမြင့်ဆုံး ထိပ်ဆုံး (၃၂) ဦး နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော် သည် ပထမဇုန်အလိုက်ပြိုင်ပွဲတွင် တရုတ် ကစားသမား ရန်ဖန်ကို အရေးနိမ့်ပြီး ပြိုင်ပွဲမှ စောစီးစွာထွက်ခဲ့ရသောကြောင့် ဒုတိယဇုန် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် လက်ရည်စစ်ပွဲ ကစားရခြင်းဖြစ်သည်။ ဇုန်အလိုက်ပြိုင်ပွဲများ တွင် စောစီးစွာထွက်ခွာရပါက နောက်ပိုင်းကျင်းပမည့် ဇုန်အလိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဇုန်အလိုက်ပြိုင်ပွဲများကို ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာတွင် ကျင်းပသွားမည်ဖြစ် ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်သည်။ ယခုပြိုင်ပွဲကို ဘုန်းမြင့် ကျော် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲကျင်းပသည့်ကုမ္ပဏီက ကျင်းပ ခြင်းဖြစ်ပြီး ချောင်ရန်မြို့တွင် ကျင်းပလျက်ရှိ သည်။ ဘုန်းမြင့်ကျော်သည် ယခုလအတွင်း Chinese 8 Ball  ပြိုင်ပွဲ ဆီမီးဖိုင်နယ်အပြင် Elite Tour 2020 ပြိုင်ပွဲ ဒုတိယဇုန်အလိုက် ပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။  Chinese 8 Ball ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက် ရောက်ခွင့်ရသည့် ကစားသမား (၃)ဦး ထွက် ပေါ်ထားပြီး ကျန်တစ်နေရာအတွက် Play-off ပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီးမှ အဖြေထွက် ပေါ်မည်ဖြစ်သည်။ Play-off ပွဲစဉ်များကို ဇူလိုင် (၆၊ ၁၀၊ ၁၃) ရက်တွင် ကျင်းပမည်ဖြစ်ပြီး လီဟိုင်ထောင်နှင့် ကျန်ကွမ်ဟောင်၊ ချူဘင်ဂျီ နှင့် ချန်ဆီမင်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ကျန်ကွမ်ဟောင်နှင့် ချန်ဆီမင်တို့မှာ Play-off အဆင့်ကစားခွင့်ရရန် ဆန္ဒမဲအများ ဆုံးရရှိသဖြင့် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ချန် ဆီမင်သည် အမျိုးသမီး Pool ကမ္ဘာ့ချန်ပီယံ တစ်ဦးလည်းဖြစ်သည်။

Elite Tour 2020 ပြိုင်ပွဲမှာလည်း ဆု ကြေးမြင့်မားသည့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသည့် ကစားသမားကို မြန်မာငွေ ကျပ်သိန်း (၆၀၀) နှင့်ညီမျှသည့်ပမာဏ ချီးမြှင့်မည်ဖြစ်သည်။ ထို့ပြင် ဇုန်အလိုက်ပြိုင်ပွဲများတွင် ဆုရရှိ သူများကိုလည်း ဆုကြေးများချီးမြှင့်လျက်ရှိ သည်။ ဘုန်းမြင့်ကျော်အနေဖြင့် မတ်လက တည်းက ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်နေ ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ဖိတ်ခေါ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ (၁၀) ပွဲအထက် ယှဉ်ပြိုင်ဖွယ် ရှိကြောင်း သိရသည်။

Most Read

Most Recent