စပိန်လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 21 June 2020

ဆယ်လ်တာဗီဂို - အလာဗတ်စ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဆယ်လ်တာဗီဂိုတိုက်စစ်ပိုင်းက သိပ်ပြီးသွေးမပူကြသေး ပုံပါပဲ။ ဒီပွဲမှာသာ တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရဦးမယ်ဆိုရင် ဆယ်လ်တာဗီဂိုအတွက် တန်းမဆင်းရရေးမျှော်လင့်ချက် ပို ကျပ်တည်းသွားတော့မယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲမှာ အခွင့် အရေးယူမယ့် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။

ဗလင်စီယာ - အိုဆာဆူနာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

အဝေးကွင်းမှာ ဆိုစီဒက်ကို သရေခံကစားပြခဲ့တဲ့ အိုဆာ ဆူနာရဲ့ကစားပုံက ဗလင်စီယာကိုလည်း အခက်တွေ့စေဦးမယ့် ပုံပါပဲ။ ဗလင်စီယာကလည်း ဒဏ်ရာပြဿနာတွေကြောင့် ခံစစ် ပိုင်းမှာ အားနည်းချက်တွေရှိနေပြီး တိုက်စစ်ပိုင်းကလည်း သိပ် ပြီး သွေးမပူသေးသလိုဖြစ်နေတယ်။ နောက်ပြီး ဒီရာသီတစ် လျှောက် ဗလင်စီယာရဲ့ အိမ်ကွင်းရလဒ်ပိုင်းကလည်း သတိ ထားစရာဖြစ်နေတယ်။ ဒါကြောင့် အဝေးကွင်းကစားပုံတိုးတက် လာပြီး ဂိုးတွေပါရအောင် ပြန်ကစားနိုင်နေတဲ့ အိုဆာဆူနာကိုပဲ ပိုကြိုက်နေမိတယ်။ ဂိုးများသွားနိုင်တယ်။ 

ဆိုစီဒက် - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂း၃၀ နာရီ)ရီးယဲလ်မက်ဒရစ်ကလည်း အိမ်ကွင်းအဖြစ်ကစားနေ တဲ့ ဒီစတီဖာနိုကွင်းအဖွင့်ပွဲမှာ ရလဒ်ကောင်းယူနိုင်ခဲ့ပေမယ့် အသင်းက အသင်းလိုက်ကြံ့ခိုင်မှုပိုင်းမှာ လိုအပ်ချက်ရှိနေ သေးသလိုပါပဲ။ ပထမပိုင်းကောင်းသလောက် ဒုတိယပိုင်း က စားပုံလျော့နေသေးတာ တွေ့ရတယ်။ အခုလည်း ကြားရက်မှာ ဗလင်စီယာလိုအသင်းနဲ့ကစားအပြီး ဆိုစီဒက်လိုအသင်းနဲ့ အဝေးကွင်း ပထမဆုံးကစားရမယ့်ပွဲဖြစ်နေလို့ ရီးယဲလ်ရဲ့ အသင်းလိုက်ကြံ့ခိုင်မှုပိုင်း ပိုပြီးတိုးတက်နေဖို့တော့ လိုမယ် ထင်တယ်။ ဆိုစီဒက်ကလည်း အိမ်ကွင်းပြန်အစမှာ ထင်သလို ဖြစ်မလာသေးဘဲ သွေးမပူသေးသလို တွေ့နေရတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်အပြည့်ရှိနေလို့ တစ်ပွဲပြီး တစ်ပွဲ အရှိန်ရလာဖို့ရှိနေပြီး အခုလို ရီးယဲလ်မက်ဒရစ်နဲ့ပွဲမျိုး ဆိုရင် အားထုတ်နိုင်မှုအပိုင်းလည်း ပိုကောင်းလာဖို့ရှိနေတယ်။  အခုလို ရက်ဆက်ကစားရမယ့်အချိန်မျိုးမှာ ရီးယဲလ်ရဲ့ ပွဲကြံ့ ခိုင်မှုအပိုင်းကိုလည်း သိပ်ပြီးမျှော်လင့်ထားလို့မရသေးလို့ အိမ်ရှင် ဆိုစီဒက်ကိုပဲ ပိုကြိုက်နေမိတယ်။ ဂိုးများနိုင်တယ်။

Most Read

Most Recent