ယနေ့ညကစားမည့် လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 June 2020

ဂရန်နာဒါ နှင့် ဗီလာရီးယဲလ် (၂၀-၆-၂၀၂၀ နံနက် ၀၀:၀၀ နာရီ)

ဂရန်နာဒါကတော့ အဖွင့်ကောင်းနေတာတွေ့ရတယ်။ ခံစစ်ပိုင်းလိုအပ်နေသေးပေမယ့် တိုက်စစ်ပိုင်းကတော့ စောစောစီးစီး ခြေတွေ့နေကြတယ်။ အသင်းလိုက်ကစားပုံကလည်း စုစည်းမှုရှိလို့ အဝေးကွင်းပုံမှန်ခြေစွမ်းမရှိတဲ့ ဗီလာရီးယဲလ် မလွယ်လောက်ဘူးထင်တယ်။ ဂရန်နာဒါနဲ့ ဂိုးအများပါပဲ။

မာယော့ကာ နှင့် လီဟာနက်စ် (၂၀-၆-၂၀၂၀ နံနက် ၀၀:၀၀ နာရီ)

လီဟာနက်စ်ပုံကသိပ်ပြီး သွေးမပူသေးသလိုဖြစ်နေတယ်။ ဒါကြောင့် တန်းဆင်းဇုန်ထဲက အသင်းအချင်းချင်းတွေ့ဆုံမှုမှာ လီဟာနက်စ်ကို သိပ်မျှော်လင့်ထားလို့မရဘူး။ မာယော့ကာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

ဆီဗီလာ နှင့် ဘာစီလိုနာ (၂၀-၆-၂၀၂၀ နံနက် ၀၂:၃၀ နာရီ)

New Normal အဖွင့်အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရထားတဲ့ ဘာစီလိုနာတို့ ကြားရက်အိမ်ကွင်းပွဲစဉ်မှာလည်း နိုင်ပွဲရယူပြီး ချန်ပီယံယုံကြည်မှုကို မြှင့်တင်နိုင်ခဲ့တယ်။ အခုဆီဗီလာနဲ့ အဝေးကွင်းပွဲကလည်း ဘာစီလိုနာအတွက် စိန်ခေါ်မှုပါပဲ။ ဆီဗီလာကလည်း ဆီဗီးလ်ဒါဘီမှာ အိမ်ကွင်းရလဒ်ကောင်းနဲ့ စထားနိုင်ခဲ့လို့ တက်ကြွနေနိုင်တယ်။ ဒါပေမဲ့ (၂)သင်းစလုံး ကစားခဲ့ကြတဲ့ ခြေစွမ်းတွေအရဆိုရင်တော့ ဘာစီလိုနာက ပိုပြီးအရှိန်ရနေသလို တွေ့ရတယ်။ ဆီဗီလာရဲ့ခြေစွမ်းက ပွဲအတွင်း အတက်အကျရှိနေသေးပြီး ဖန်တီးနိုင်စွမ်းမှာ လိုနေသေးသလိုတွေ့နေရသေးတယ်။ ဘာစီလိုနာကတော့ နိုင်ပွဲဆက်ထားတာကြောင့် ယုံကြည်မှုပိုအားကောင်းနေနိုင်သလို နိုင်ပွဲရတဲ့ (၂)ပွဲစလုံးမှာလည်း ခံစစ်ပိုင်းက ဂိုးမပေးခဲ့ရလို့ ဆီဗီလာတိုက်စစ်အတွက်တော့ စိန်ခေါ်မှုပါပဲ။ အထူးသဖြင့် ဒီရာသီအားနည်းချက်လိုဖြစ်နေတဲ့ အဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲနဲ့ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ၊ ရီးယဲလ်နဲ့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတာတွေကြောင့် ဘာစီလိုနာနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

Most Read

Most Recent