ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 June 2020

နောဝစ်ချ် နှင့် ဆောက်သမ်တန် (၁၉-၆-၂၀၂၀ ည ၁၁:၃၀ နာရီ)

နောဝစ်ချ်ကတော့ တန်းဆင်းရမယ့် အခြေအနေဖြစ်နေပါပြီ။ ကစားဟန်မဆိုးပေမယ့် အားနည်းတဲ့ ခံစစ်နဲ့ စိတ်ပိုင်းဆိုင်ရာပျော့ညံ့မှုတွေက နောဝစ်ချ်ကို ဒုက္ခပေးခဲ့တယ်။ ဆောက်သမ်တန်ကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်သိပ်မကောင်းပါဘူး။ ဒါပေမဲ့ နောဝစ်ချ်ထက် အားကောင်းတဲ့လူစာရင်းနဲ့ အားကောင်းတဲ့ ကစားဟန်ရှိတယ်။ နောဝစ်ချ်က အမှတ်ပိုလိုအပ်ပေမယ့် ဆောက်သမ်တန်ကို ပိုကြိုက်ပါတယ်။

စပါး နှင့် မန်ယူ (၂၀-၆-၂၀၂၀ နံနက် ၀၁:၄၅ နာရီ)

မန်စီးတီးသာ ချန်ပီယံလိဂ်ကနေ ပွဲပယ်ခံရမယ်ဆိုရင် ဒီနှစ်သင်းက အဆင့် (၅)နေရာအတွက် အဓိကပြိုင်ဘက်အသင်းတွေဖြစ်တယ်။ စပါးက အိမ်ကွင်းမှာ ရှုံးခဲ့ရင် မန်ယူကို အမီလိုက်ဖို့ အရမ်းခက်သွားမယ်။ စပါးက မန်ယူထက် ဂိုးပိုသွင်းနိုင်ပေမယ့် မန်ယူက စပါးထက် ဖန်တီးနိုင်စွမ်း ပိုအားကောင်းတယ်။ စပါးထက် ဘောလုံးကို ပိုကိုင်ကစားနိုင်တာလည်းတွေ့ရတယ်။ စပါးက မန်ယူထက်စာရင် အမြင့်ဘောတွေပိုကစားပြီး ဒီကစားဟန်အတွက် ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့မရှိတဲ့အချိန်မှာ အဆိပ်မရှိတဲ့ မြွေလိုဖြစ်သွားတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကိန်းရော၊ ဆွန်ရော ပြန်ကစားနိုင်တာက မန်ယူကို ခြိမ်းခြောက်နိုင်မယ့်အချက်လည်းဖြစ်တယ်။ မန်ယူက (၃)လမနားခင်အချိန်က ပိုပြီးအားကောင်း၊ အရှိန်ရနေတဲ့အသင်းဖြစ်တယ်။ (၁၁) ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ ဒီပွဲတွေမှာ Clean Sheet (၉)ပွဲရခဲ့တာလည်းတွေ့ရတယ်။ ဘရူနိုဖာနန်ဒက်စ်လည်း အရှိန်ပျက်သွားပြီး ဘယ်လိုပြန်စတင်မလဲဆိုတာစောင့်ကြည့်ရမယ်။ ခြေစွမ်းအရ မန်ယူပိုကောင်းနေပေမယ့် စပါး အသာစီးယူနိုင်မယ်ထင်တယ်။

စပါးနှင့် မန်ယူပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့

- စပါးအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲတွင် (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး (၂)ဂိုးနှင့်အထက်ပေးခဲ့ရသောပွဲမှာလည်း (၃)ပွဲအထိရှိခဲ့သည်။

- မန်ယူအသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံး (၁၀)ပွဲတွင် (၈)ပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

- မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်အဝေးကွင်း ပွဲစဉ်များတွင် (၄)ပွဲသာအနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံး (၆)နေရာရှိအသင်းများထဲတွင် နိုင်ပွဲအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

Most Read

Most Recent