၀ါရင့်ကစားသမားနှစ်ဦးဖြစ်သူ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား ၊ တိုက်စစ်မှူး ကာဗာနီတို့နှင့် လမ်းခွဲမည်ဟု PSG အသင်း အတည်ပြု

၀ါရင့်ကစားသမားနှစ်ဦးဖြစ်သူ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား ၊ တိုက်စစ်မှူး ကာဗာနီတို့နှင့် လမ်းခွဲမည်ဟု PSG အသင်း အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 14 June 2020

စက်တင်ဘာတွင် အသက် ၃၆ နှစ်ပြည့် မည့် ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် PSG အသင်းတွင် ရှစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ (၃၃ နှစ်) မှာလည်း ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၃၀၀ ကစားပြီးနောက် သွင်းဂိုး ၂၀၀ ဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ 

PSGအသင်းသည် ဇွန်လကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ၀ါရင့်ကစားသမားနှစ်ဦးဖြစ်သူ အသင်းခေါင်းဆောင် နောက်ခံလူ သီယာဂိုဆေးလ်ဗား၊ တိုက်စစ်မှူး ကာဗာနီတို့နှင့် လမ်းခွဲမည်ဖြစ်ကြောင်း အားကစားဒါရိုက်တာ လီယိုနာဒိုက အတည်ပြု ပြောကြားခဲ့သည်။

"ဟုတ်ပါတယ်။ အဆုံးသတ်ချိန်ရောက်လာပါပြီ။ ဒီဆုံးဖြတ်ချက်ချဖို့ တော်တော်လေး ခက်ခဲပါတယ်။ ဒီကစားသမားတွေက အသင်းရဲ့သမိုင်းကို ပါဝင်ရေးသားခဲ့ကြသူတွေဖြစ်ပြီး  အချိန်နည်းနည်းကြာတဲ့အထိ အတူဆက်သွားသင့်သလား၊ ဒါမှမဟုတ် တစ်နှစ်ဆိုတဲ့ ရှည်ကြာလွန်းတဲ့အချိန်ကို ရှောင်လွှဲခြင်းက အကောင်းဆုံးဖြစ်မလားဆိုတာ သေချာစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးကဏ္ဍအပြင် မျိုးဆက်သစ်ကစားသမားတွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်" ဟု လီယိုနာဒိုက Le Journal du Dimanche သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

စက်တင်ဘာတွင် အသက် ၃၆ နှစ်ပြည့် မည့် ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် PSG အသင်းတွင် ရှစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ (၃၃ နှစ်) မှာလည်း ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၃၀၀ ကစားပြီးနောက် သွင်းဂိုး ၂၀၀ ဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ 

.

PSG အသင်းသည် ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည့် မြူနီယာ၊ ကာဇာဝါ၊ ချူပိုမိုတင်းတို့နှင့်လည်း လမ်းခွဲဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent