မန်စီးတီး၏ ဥရောပပြိုင်ပွဲဝင်ခွင့်(၂)ရာသီပိတ်ပင်ခံရမှုအယူခံကို ဇူလိုင်တွင် ဆုံးဖြတ်မည်

မန်စီးတီး၏ ဥရောပပြိုင်ပွဲဝင်ခွင့်(၂)ရာသီပိတ်ပင်ခံရမှုအယူခံကို ဇူလိုင်တွင် ဆုံးဖြတ်မည်
Published 11 June 2020

မန်စီးတီးအသင်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP)ကို ချိုးဖောက်သည်ဟုဆိုကာ UEFA က ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၄)ရက်တွင် ဥရောပပြိုင်ပွဲဝင်ခွင့် (၂) ရာသီ ပိတ်ပင်ခဲ့သလို၊ ဒဏ်ငွေ ပေါင်(၂၅)သန်း တပ်ရိုက်ခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏  ဥရောပပြိုင်ပွဲ (ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်)ဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံထားရသည့် မန်စီးတီးအသင်း၏ အယူခံကို ဇူလိုင်ပထမလဝက်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာအားကစားခုံရုံး(CAS)က ပြီးခဲ့ သည့် ဗုဒ္ဓဟူးနေ့(ဇွန် ၁၀ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP)ကို ချိုးဖောက်သည်ဟုဆိုကာ UEFA က ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၄)ရက်တွင် ဥရောပပြိုင်ပွဲဝင်ခွင့် (၂) ရာသီ ပိတ်ပင်ခဲ့သလို၊ ဒဏ်ငွေ ပေါင်(၂၅)သန်း တပ်ရိုက်ခဲ့သည်။

မန်စီးတီးအသင်းသည် UEFA မှ ချမှတ်သည့် ပြစ်ဒဏ်ကို ကျေနပ်ခြင်းမရှိသဖြင့် ဖေဖော်ဝါရီ (၂၆)ရက်တွင် CAS ထံသို့ အယူခံတင်သွင်းခဲ့သည်။

ယင်းအယူခံအား ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဗီဒီယိုကွန်ဖရင့်ဖြင့် ဇွန်လ(၈)ရက်မှ ဇွန်လ(၁၀)ရက်အထိ (၃)ရက်ကြာ ကြားနားခဲ့ကြောင်း သိရသည်။

CAS ၏ ထုတ်ပြန်ချက်တွင် “မန်စီးတီးအသင်း၏ ဥရောပပြိုင်ပွဲဝင်ခွင့် (၂)ရာသီပိတ်ပင်ခံရမှု အယူခံကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်ပထမလဝက်တွင် ဆုံးဖြတ်ချက်ချမှတ်သွားရန် မျှော်လင့်ကြောင်း၊ ရက်စွဲအတိအကျကို နောင်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်း၏ အယူခံနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးမှ လျှောက်လဲချက်များကို အခြေခံကာဆုံးဖြတ်သွားမည် ဖြစ်ကြောင်း”ဖော်ပြပါရှိသည်။

မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၅၇)မှတ်ဖြင့် အဆင့် (၂)နေရာတွင် ရပ်တည်နေပြီး ချန်ပီယံဝင်ခွင့်ရရန် သေချာသလောက်ရှိနေသည်။

အကယ်၍ မန်စီးတီး၏ အယူခံသာ ကျဆုံးခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်အဆင့်(၅)ရအသင်းက လာမည့်ရာသီ တွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သည်။

Most Read

Most Recent