■ Photo News:

■ Photo News:
Published 9 June 2020
ထွန်းနေလှိုင်(နောင်ပိန်)

ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို လားရှိုးမြို့တွင် စနစ်တကျ ဆောင်ရွက်ပေးနေ

COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအတွက် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး ရပ်ဆိုင်းခဲ့သည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို လားရှိုးမြို့တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှုပေးနေသည့် ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင် ပြုလုပ်ခြင်းဟူသည့် အပိုင်း နှစ်ပိုင်းတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်း အပိုင်းတွင် ဝန်ဆောင်မှုအားလုံး ပြုလုပ်ပေးနေပြီ ဖြစ်သော်လည်း ယာဉ်မောင်းလိုင်စင် အပိုင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးသင်တန်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်းများကို ကူးစက်ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင် အပိုင်းနှင့် ပတ်သက်၍ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် အပျောက် လျှောက်ထားခြင်းစသည့် လုပ်ငန်းများကိုမူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) တွင် ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ လာရောက် ဆောင်ရွက်ကြသူများအား ကျန်းမာရေး ညွှန်ကြားချက်များ သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိနေကြောင်း သိရသည်။

Most Read

Most Recent