အဲဗာတန်အသင်းသည် Cazoo ကုမ္ပဏီနှင့် ပေါင်သန်း(၃၀)တန် အင်္ကျီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
အဲဗာတန်အသင်းသည် လက်ရှိအချိန်တွင် အွန်လိုင်းလောင်းကစားကုမ္ပဏီတစ်ခုဖြစ်သည့် SportPesa နှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ယခုရာသီအကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
Cazoo သည် ၂၀၁၉ ခုနှစ်ကမှ တည်ထောင်သည့် ကုမ္ပဏီဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် တစ်ပတ်ရစ်မော်တော်ကားရောင်းချခြင်း၊ အသစ်နှင့်အဟောင်း လဲလှယ်ခြင်းများ ပြုလုပ်ပေးသည့် ဗြိတိန်အခြေစိုက် ကုမ္ပဏီဖြစ်ကြောင်းလည်း သိရှိရသည်။
အဲဗာတန်အသင်းသည် Cazoo နှင့် တစ်နှစ်ပေါင်(၁၀)သန်းတန်ကြေးရှိသည့် (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၀-၂၁ ရာသီမှစ၍ Cazoo အမှတ်တံဆိပ်ကို အင်္ကျီရင်ဘတ်တွင် တပ်ဆင်သွားမည်ဖြစ်သည်။
အဲဗာတန်အသင်းသည် လာမည့်ရာသီတွင် ဝတ်စုံစပွန်ဆာကိုလည်း အပြောင်းအလဲပြုလုပ်သွားမည်ဖြစ်ပြီး Umbro ၏နေရာ၌ hummel နှင့် ပြောင်းလဲလက်တွဲသွားမည်ဖြစ်သည်။
ယခုကဲ့သို့ စပွန်ဆာအသစ်များနှင့် လက်တွဲမှုတွင် အဲဗာတန်အသင်းအနေဖြင့် တန်ဖိုးနှစ်ဆဝန်းကျင် ပိုမိုတိုးမြင့်ရရှိခဲ့ကြောင်းလည်း သိရှိရသည်။










