ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့သည့် လူငယ်ကစားသမားများအား တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ပွဲပယ်ပြစ်ဒဏ်ချမှတ်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့သည့် လူငယ်ကစားသမားများအား တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ပွဲပယ်ပြစ်ဒဏ်ချမှတ်
Photo: CFA
Photo: CFA
Published 8 June 2020

တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA)သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ကာ ညဘက်အပြင်ထွက်၍ သောက်စားပျော်ပါးခဲ့သော လူငယ်ကစားသမား(၆)ဦးအား ပွဲကစားခွင့်(၆)လ ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်ယူ-၁၉ လက်ရွေးစင်အသင်းမှ ကစားသမား(၆)ဦးသည် မေလ(၃၀)ရက်နေ့က အသင်း၏ခွင့်ပြုချက်မရရှိဘဲ အပြင်ထွက်၍ သောက်စားခဲ့သည့်အပြင် သန်းခေါင်ယံအချိန်မှ ပြန်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် တရုတ်ဘောလုံးအဖွဲ့ချုပ်က အဆိုပါကစားသမားများအား နိုဝင်ဘာ(၃၀)ရက်နေ့အထိ မည်သည့်ပြိုင်ပွဲမျှ ယှဉ်ပြိုင်ခွင့်မပြုသည့်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကစားသမားများထဲတွင် ရှန်ဟိုင်း SIPG အသင်းမှ ကစားသမား(၃)ဦးပါဝင်ပြီး အဆိုပါကစားသမားများကို ရှန်ဟိုင်း SIPG အသင်းက လစာငွေပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်းလည်း သိရှိရသည်။

တရုတ်ယူ-၁၉ အသင်းသည် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့်အသင်းဖြစ်ပြီး လာမည့်ရာသီ၌ တရုတ်တတိယတန်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent