ယိုဟန်ခရိုက်ဖ်ဖောင်ဒေးရှင်း၏ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအား ဆိုစီဒက်နည်းပြ အီမာနိုလ်ရရှိ

ယိုဟန်ခရိုက်ဖ်ဖောင်ဒေးရှင်း၏ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအား ဆိုစီဒက်နည်းပြ အီမာနိုလ်ရရှိ
Photo: Marca
Photo: Marca
Published 8 June 2020

ယိုဟန်ခရိုက်ဖ်ဖောင်ဒေးရှင်းမှ ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအား ဆိုစီဒက်အသင်းနည်းပြ အီမာနိုလ်ရရှိခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အီမာနိုလ်သည် ဆိုစီဒက်အသင်းအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ကိုင်တွယ်ခဲ့ပြီး ယခုရာသီတွင် အသင်းအား လာလီဂါအမှတ်ပေးဇယား အဆင့် (၄)နေရာ၌ရပ်တည်စေရန် စွမ်းဆောင်ပေးထားသလို၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအဆင့်သို့ ပို့ဆောင်ပေးထားသူဖြစ်သည်။ 

ဆုရွေးချယ်ရေးမှ တာဝန်ရှိသူဖြစ်သည့် ယိုဟန်ခရိုက်ဖ်၏ သမီးဖြစ်သူ ဆူဆီလာခရိုက်ဖ်က''ကျွန်မတို့အနေနဲ့ အီမာနိုလ်ကို ရွေးချယ်ခဲ့ပါတယ်။ သေချာတာက ဒီရွေးချယ်မှုအတွက် ကျွန်မအဖေ (၁၀၀%) သဘောတူမှာပါ'' ဟု ပြောကြားခဲ့သည်။

အီမာနိုလ်ကလည်း ''ဒါဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာတွေထဲက တစ်ခုပါ။ ဒီဆုက ဆိုစီဒက်အသင်းနဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း ဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent