WTI ရေနံစျေး တစ်စည် ၃၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ တစ်လအတွင်း တစ်လီတာ ၉၅ ကျပ်မှ ကျပ် ၁၆၀ အထိ ပြန်လည်မြင့်တက်

WTI ရေနံစျေး တစ်စည် ၃၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ တစ်လအတွင်း တစ်လီတာ ၉၅ ကျပ်မှ ကျပ် ၁၆၀ အထိ ပြန်လည်မြင့်တက်
Published 6 June 2020
စည်သူအောင်

WTI ရေနံစျေးသည် ဇွန် ၆ ရက်တွင် တစ်စည် ၃၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း စျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ တစ်လအတွင်း တစ်လီတာ ၉၅ ကျပ်မှ ကျပ် ၁၆၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မေ ၆ ရက်နှင့် ဇွန် ၆ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက 92 Ron တစ်လီတာ ကျပ် ၁၆၀၊ 95 Ron တစ်လီတာ ၁၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၉၅ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ ၉၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

WTI ရေနံစျေးသည် ဧပြီတတိယပတ်တွင် သုညဒေါ်လာနှုန်းအောက် ကျဆင်းခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ ငါးလနီးပါး (ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အထိ) အတွင်း တစ်လီတာ ကျပ် ၅၅၀ မှ ၆၀၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ ရှိခဲ့သည်။ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့ပြီးနောက် ပြန်တက်ခဲ့ရာ ဇွန် ၆ ရက်တွင် ၃၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ဇွန် ၆ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၃၀ (တစ်ဂါလန် ၂၄၀၉ ကျပ်)၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၄ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၄၆၀ (တစ်ဂါလန် ၂၀၉၁ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ  ကျပ် ၅၈၀ (တစ်ဂါလန် ၂၆၃၆ ကျပ်) ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နှင့် မေ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာစျေးနှုန်းများ နှိုင်းယှဉ်ပါက ဒီဇယ် ကျပ် ၅၅၀ (၅၅ ဒသမ ၈၃ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ကျပ် ၅၅၀ (၅၅ ဒသမ ၂၇ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron ၆၀၅ ကျပ် (၆၆ ဒသမ ၈၅ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ကျပ် ၅၆၀ (၅၆ ဒသမ ၂၈ ရာခိုင်နှုန်း)  အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်၌  ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန် (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ကျပ် ၅၅၀ မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကာ မေ ၆ ရက်မှ ဇွန် ၆ ရက်အတွင်း တစ်လီတာ ၉၅ ကျပ်မှ ကျပ် ၁၆၀ အထိ ပြန်တက်ခဲ့သည်။

Most Read

Most Recent