လက်ရှိတွင် ပြည်တွင်းဆန်စျေး တစ်အိတ်လျှင် ဆန်ချော ကျပ် ၅၄၀၀၀ နှင့် ဆန်ကြမ်း ကျပ် ၂၀၈၀၀ ရှိပြီး ငါးလအတွင်း တစ်အိတ်လျှင် ဆန်ချော ကျပ် ၄၀၀၀ နှင့် ဆန်ကြမ်း ကျပ် ၂၆၀၀ ကျပ် မြင့်တက်

လက်ရှိတွင် ပြည်တွင်းဆန်စျေး တစ်အိတ်လျှင် ဆန်ချော ကျပ် ၅၄၀၀၀ နှင့် ဆန်ကြမ်း ကျပ် ၂၀၈၀၀ ရှိပြီး ငါးလအတွင်း တစ်အိတ်လျှင် ဆန်ချော ကျပ် ၄၀၀၀ နှင့် ဆန်ကြမ်း ကျပ် ၂၆၀၀ ကျပ် မြင့်တက်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်အတွင်း ဆန်အရောင်းအဝယ်ပြုလုပ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ၀ါးတန်းဆန်ကုန်စည်ဒိုင်)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်အတွင်း ဆန်အရောင်းအဝယ်ပြုလုပ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ၀ါးတန်းဆန်ကုန်စည်ဒိုင်)
Published 6 June 2020

၂၀၂၀ ပြည့်နှစ် မေလတွင် ပြည်တွင်း ဆန်စျေးတစ်အိတ် ဆန်ချော ကျပ် ၅၄၀၀၀ နှင့ ်ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၀၈၀၀ ရှိပြီး ငါးလအတွင်း တစ်အိတ်လျှင် ဆန်ချောစျေး ကျပ် ၄၀၀၀ နှင့် ဆန်ကြမ်းစျေး ကျပ် ၂၆၀၀ မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများမှာ ဇန်နဝါရီတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်  ၅၀၀၀၀ သာ ရှိသော်လည်း မေလတွင် ကျပ် ၅၄၀၀၀ အထိ စျေးတက်လာသည်။

ဧည့်မထ ၂၅ မှတ်ဆန်များမှာ ဇန်နဝါရီက တစ်အိတ်လျှင် ကျပ် ၁၈၂၀၀ ရှိခဲ့ပြီး မေလတွင် ကျပ် ၂၀၈၀၀ အထိ စျေးတက်ခဲ့သည်။ ငစိန်၂၅ မှတ်ဆန်တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၈၂၀၀ ရှိသော်လည်း မေလတွင် ကျပ် ၂၀၅၀၀ ရှိလာသည်။

၂၀၁၅ ခုနှစ်အတွင်း ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊  ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းက ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၄၃၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် ကျပ် ၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၂၀၀၀ အထိ စျေးရှိခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဒီဇင်ဘာတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ်၂၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၇၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၇၂၀၀ အထိ စျေးရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၂၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၂၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၂၀၀ ရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် မေတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၅၅၀၀၀၊ ဧရာဝတီ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၉၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၈၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများမှာ ၂၀၁၄ ခုနှစ်က ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၃၅၀၀ စျေးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင်  ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၈၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေး ရှိလာသည်။ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ၁၅၅၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၇၅၀၀ အထိ စျေးရှိသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၌ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၂၀၀၊ ဖေဖော်ဝါရီတွင် ကျပ် ၂၀၀၀၀ ၊ မတ်တွင် ကျပ် ၂၀၈၀၀ စျေးရှိခဲ့ရာမှ မေအထိ ကျပ် ၂၀၈၀၀ စျေးရှိခဲ့သည်။ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၈၂၀၀ ၊ဖေဖော်ဝါရီတွင် ကျပ် ၁၉၅၀၀၊ မတ်တွင် ကျပ် ၂၀၅၀၀ စျေးရှိခဲ့ရာမှ မေတွင် ကျပ် ၂၀၅၀၀ အထိ စျေးရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent