၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည် သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ်ဘီလျံ ၁၅၄၉၀ ကျော်ရှိကာ သုံးနှစ်ကိုးလအတွင်း ကျပ် ၃၇၁၉ ဘီလျံကျော် မြင့်တက်

၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည် သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ်ဘီလျံ ၁၅၄၉၀ ကျော်ရှိကာ သုံးနှစ်ကိုးလအတွင်း ကျပ် ၃၇၁၉ ဘီလျံကျော် မြင့်တက်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Published 6 June 2020
စည်သူအောင်

၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၅၄၉၀ ဘီလျံကျော် ရှိကာ သုံးနှစ်ကိုးလအတွင်း ကျပ် ၃၇၁၉ ဘီ လျံကျော်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume III) အရ သိရသည်။

၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ် စက် တင်ဘာအထိ မြန်မာနိုင်ငံအတွင်း လှည့် လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးမှာ ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၁၁၇၇၁ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျပ် ၁၁၁၂၇ ဘီလျံ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၁၃၄၉ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၁၆၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင် ဘာတွင်  ကျပ် ၁၃၆၅၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ၁၄၅၅၀ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ၁၄၁၅၆ ဘီလျံ၊ ၂၀၁၉ ခုနှစ် စက် တင်ဘာတွင် ဘီလျံ ၁၅၄၉၀ ရှိပြီး သုံးနှစ် ကိုးလအတွင်း မြန်မာနိုင်ငံအတွင်း လှည့် လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးကျပ် ၃၇၁၉ ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၇၁၉ ဘီလျံ၊ ရွှေ ကျပ် ဘီလျံ ၃၅၀၊ Placement with Foreign Banks ကျပ် ၃၇၆၁ ဘီလျံ၊  Deposit with Local Banks  ကျပ် ၆၂၄ ဘီလျံ၊ IMF Related Assets  ကျပ် ၂၉၈၂ သန်း၊ Other Assets (Foreign) ကျပ် ၅၂၃၉ သန်း၊ Domestic Securities ကျပ် ၁၂၂၃၄ ဘီလျံ၊ Loans to Bank  ကျပ် ၁၃၁ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၉ ဘီလျံ စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ နိုင်ငံ တော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၂၂၁၁ ဒသမ ၉၀၃ ဘီလျံ၊ ရွှေ ကျပ် ၅၃၁ ဒသမ ၆၂၅ ဘီလျံ၊ Placement with Foreign Banks ကျပ် ၅၃၀၈ ဒသမ ၃၄၁ ဘီလျံ၊ Foreign Securities ကျပ် ၅၈၂ ဒသမ ၈၈၅ ဘီလျံ၊ Deposit with Local Banks ကျပ် ၇၈၆ ဒသမ ၀၃၅ ဘီလျံ၊ IMF Related Assets ကျပ် ၁ ဒသမ ၆၄၁ ဘီလျံ၊ Other Assets (Foreign) ကျပ် ၁၆ ဒသမ ၃၉၅ ဘီလျံ၊ Domestic Securities ကျပ် ၁၅၁၃၀ ဒသမ ၉၇၈ ဘီလျံ၊ Loans to Bank ကျပ် ၅၀ ဒသမ ၂၃၀ ဘီလျံ၊ Property, Plant and Equipment ကျပ် ၂၄ ဒသမ ၃၁၃ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၇၅ ဒသမ ၇၃၅ ဘီလျံ စုစုပေါင်း ကျပ် ၂၄၈၂၀ ဒသမ ၀၈၄ ဘီလျံဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက်  လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Liabilites (ပေးရန် တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၈၄၅ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၂၉၃ သန်း၊ IMF Related Liabilities ကျပ် ၄၂၁ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၁၇၄ သန်း၊ Government Deposits ကျပ် လေးဘီလျံ၊ Bank Deposits (Domestic) ကျပ် ၃၀၆၆ ဘီလျံ၊ Other Deposits ကျပ် ဘီလျံ ၃၇၀၊ Other Liabilities (Domestic) ကျပ် ၂၆၀ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲ နေသော ငွေစက္ကူ Currency in Curculation ကျပ် ၁၁၇၇၁ ဘီလျံ၊ Equity and Reserves ကျပ် ၂၂၄၄ ဘီလျံရှိပြီး စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်ကြောင်း သိရ သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတော်ဗဟိုဘဏ်၌ရှိသော Liabilites (ပေးရန်တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၆၂၁ ဒသမ ၁၄၈ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၃၆၉ သန်း၊ Borrowing From Foreign Institutions ကျပ် ၁၂ ဒသမ ၂၇၉ ဘီလျံ၊ IMF Related Liabilities ကျပ် ၅၁၆ ဒသမ ၉၀၇ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၉ ဒသမ ၁၇၆ ဘီလျံ၊ Government Deposits ကျပ် ၄၂၉ သန်း၊ Bank Deposits (Domestic) ကျပ် ၃၁၈၉ ဒသမ ၃၃၂ ဘီ လျံ၊ Other Deposits ကျပ် ၁၁၇ ဒသမ ၁၆၈ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၂၂၄ ဒသမ ၃၀၇ ဘီလျံ၊ မြန်မာနိုင်ငံ အတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၅၄၉၀ ဒသမ ၇၉၀ ဘီလျံ၊ Equity and Reserves ကျပ် ၄၆၃၈ ဒသမ ၁၈၁ ဘီလျံ ရှိပြီး စုစုပေါင်း ကျပ်၂၄၈၂၀ ဒသမ ၀၈၄ ဘီလျံဖြစ်သည်။

 

Most Read

Most Recent