- ဘာစီလိုနာအသင်းမှ ပြန်လည်ထွက်ခွာရန် စီစဉ်နေသည့် ကော်တင်ဟိုသည် အခြားလိဂ်ပြိုင်ပွဲများထက် ပရီးမီးယားလိဂ်သို့ပြန်ရန်ကိုသာ ပိုမိုစိတ်ဝင်စားနေသည်ဟု သိရှိရသည်။
- ဒေါ့မွန်အသင်း၏ အင်္ဂလန်ကြယ်ပွင့်တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုအား ခေါ်ယူလိုသည့်အသင်းများထဲတွင် လာလီဂါထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာခဲ့ပြီဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။
- ဆောက်သမ်တန်အသင်းသည် ယခုနွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အသက်(၃၃)နှစ်ရှိနေပြီဖြစ်သော ၀ါရင့်အိုင်ယာလန်တိုက်စစ်မှူး ရှိန်းလောင်းကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။
- မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားသည် အသင်း၏အပြောင်းအရွှေ့အတွက် ပိုမိုသုံးစွဲနိုင်ရန်အတွက် အငှားချထားသည့် ကစားသမားများဖြစ်သော ဆန်းချက်ဇ်၊ ရိုဟို၊ စမောလင်းတို့အား အပြီးသတ်ရောင်းချနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။
- အေစီမီလန်အသင်း၏ တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်လကရရှိခဲ့သော ခြေသလုံးကြွက်သားဒဏ်ရာ သက်သာခြင်းမရှိသေးသည့်အတွက် နောက်ထပ် (၁၀)ရက်ခန့် ထပ်မံအနားယူရမည်ဟု သိရှိရသည်။
- ဒေါ့မွန်အသင်းသည် လက်ရှိနည်းပြဖြစ်သူ လူစီယန်ဖာနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ရက်ဒ်ဘူးလ်ဆာလ်ဇ်ဘာ့ဂ်အသင်း၏ အသက် (၄၆)နှစ်အရွယ် အမေရိကန်လူမျိုးနည်းပြ ဂျက်ဆီမာ့ရှ်နှင့် အစားထိုးရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။










