စပိန်ဘောလုံးလောကအတွက် ပြန်လည်စတင်မည့်ရက်ကို မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်စောကစားမည်

စပိန်ဘောလုံးလောကအတွက် ပြန်လည်စတင်မည့်ရက်ကို မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်စောကစားမည်
စပိန်ဘောလုံးလောကအတွက် ပြန်လည်စတင်မည့်ရက်ကို မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်စောကစားမည်
စပိန်ဘောလုံးလောကအတွက် ပြန်လည်စတင်မည့်ရက်ကို မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်စောကစားမည်
Published 5 June 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရသည့် စပိန်ဘောလုံးလောကအား ပြန်လည်စတင်မည့်ရက်ကို မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်စောက ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လာလီဂါအပါအဝင် စပိန်ဘောလုံးလောကရှိ ပြန်လည်စတင်မည့် လိဂ်ပြိုင်ပွဲများကို မူလက ဇွန်လ(၁၁)ရက် နေ့တွင် ပြန်လည်စတင်ရန် ရည်ရွယ်ထားသော်လည်း ပြိုင်ပွဲများမရပ်နားမီက ပရိသတ်သောင်းကျန်းမှုကြောင့် ဒုတိယပိုင်းတွင် ရပ်နားခဲ့ရသည့်ပွဲစဉ်တစ်ပွဲကို ပြန်ဖြည့်ကစားရန်ရှိနေသည့်အတွက် ယင်းပွဲစဉ်ကို ရှေ့တစ်ရက် စောကစားခိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင် မကစားပါက ဆီဂန်ဒါပွဲစဉ်ရေးဆွဲထားမှုများကို ကမောက်ကမဖြစ်စေမည်ဖြစ်သဖြင့် နောက်ဆုံးတွင် မူလစတင်သည့် ရက်ထက် တစ်ရက်စောကစားစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲသည် စပိန်ဘောလုံးလောကတွင် အစောဆုံးပြန်စမည့်ပွဲစဉ်လည်းဖြစ်လာမည်ဖြစ်သည်။

ဆီဂန်ဒါပွဲစဉ်တစ်ပွဲဖြစ်သည့် ဗယ်လက်ကာနိုအသင်းနှင့် အယ်လ်ဘာစီတီအသင်းတို့၏ပွဲစဉ်တွင် ဗယ်လက်ကာနိုအသင်းပရိသတ်များသည် အယ်လ်ဘာစီတီအသင်း၏ ယူကရိန်းကစားသမား ရိုမန်ဇိုဇူလာအား "နာဇီ" တစ်ဦးဟု စွပ်စွဲအော်ဟစ်ခဲ့ကြသဖြင့် ဂိုးမရှိသရေဖြစ်နေစဉ်၊ ဒုတိယပို်င်းတွင် ပွဲစဉ်ကို ရပ်နားခဲ့ရခြင်းလည်းဖြစ်သည်။

ရိုမန်ဇိုဇူလာသည် ၂၀၁၇ ခုနှစ်က ဗယ်လက်ကာနို အသင်းထံသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ဖူးပြီး ယင်းအပြောင်း အရွှေ့မှာ နာဇီတစ်ဦးအတွက် နေရာမရှိဆိုသည့် ဗယ် လက်ကာနိုပရိသတ်များ၏ ဆန္ဒပြမှုများနှင့်အတူ ရက်ပိုင်းအတွင်း ပြန်လည်ပျက်ပြယ်ခဲ့ဖူးသည်။

ယခု အယ်လ်ဘာစီတီအသင်းတွင်ကစားနေစဉ် ဗယ်လက်ကာနိုနှင့် တွေ့ဆုံရာတွင်လည်း ပရိသတ်များက ယင်းကဲ့သို့ စွပ်စွဲအော် ဟစ်သောင်းကျန်းခဲ့ကြခြင်းဖြစ်သည်။

ရိုမန်ဇိုဇူလာကမူ ၂၀၁၇ ခုနှစ်အတွင်းက သူသည် အဖြစ်မှန်ကိုမသိသည့် ဂျာနယ်လစ်များကြောင့် အထင်မှားခံရခြင်းဖြစ်ကြောင်း ဗယ်လက်ကာနိုပရိသတ်များထံ ပြန်လည်ရှင်းပြခဲ့ဖူး သည်။

Most Read

Most Recent