ဂျူဗင်တပ်စ်အသင်းသည် ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အငှားဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီသည် ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၉၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
သို့သော် ဒမ်ဘီလီသည် ဘာစီလိုနာအသင်းတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး ဘာစီလိုနာအသင်းက ၎င်းကို ပြန်လည်ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
ဂျူဗင်တပ်စ်နည်းပြ ဆာရီသည် ကွာဒရာဒိုနှင့် ဘာနာဒက်ခီတို့ ကို နှစ်သက်ခြင်းမရှိဘဲ ၎င်းင်းတို့နေရာတွင် ဒမ်ဘီလီကို အသုံးပြု ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ပြင်သစ်သတင်းစာများကမူ ဒမ်ဘီလီသည် ဘာစီလိုနာအသင်းမှ ထွက်ခွာလိုခြင်းမရှိသည့်အတွက် ကမ်းလှမ်းမှုများကို ငြင်းဆန်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့ကြသည်။










